Home
ရုပ်သံ
နိုင်ငံ့ခေါင်းဆောင်မွေးနေ့အမှတ်တရ ဒေါင်းသီဆိုသည့် “ခွန်အားဖြည့်မိငယ်”သီချင်း(ရုပ်သံ)
DVB
·
June 19, 2023
0000000000

“နေ၀င်ညကို ကူးဖြတ်ပြီးမှ ‌ရောင်နီလာတဲ့နေ့သစ်ကိုရောက်မယ်… ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ တချိန်မှာအောင်မြင် လွတ်မြောက်မယ်မဟုတ်လား… သံသရာလမ်းဟာ မ ချောမွေ့တတ်တော့ တာ၀န်ကိုယ်စီ အားတင်း ရှေ့ဆက်လှမ်း”

ဒါကို ကြားလိုက်တာနဲ့ အားလုံးက နာမည်ကြီး အဆိုတော် ခင်မောင်တိုးရဲ့ “ခွန်အားဖြည့်မိငယ်” သီချင်းထဲက တေးသွားစာသားတွေမှန်း သိကြပြီးဖြစ်သလို လတ်တလောမှာ ဒီသီ ချင်းကို မတရားပုဒ်မတပ် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုတေးတပုဒ်အနေနဲ့လည်း သိကြပါတယ်။

ခုတခါမှာတော့ ဒီသီချင်းကို မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက ပါဝင်လှုပ်ရှားနေတဲ့ လူငယ်သရုပ်ဆောင် ဒေါင်းက ဇွန် ၁၉ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ဒေါ် အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ကိုယ်တိုင်ပီယာနိုတီးခတ်သီဆိုထားခဲ့တာကို နားဆင်ခံစားကြရမှာ ဖြစ်ပါတယ်။

“အရှုံး မပေးနဲ့မိငယ်ရေ… ရဲရင့်မှကျော်ဖြတ်သွား… အများအကျိုးအတွက် တာ၀န်ထမ်းရွက်တဲ့အခါ… တကယ်ကိုယ်ကျိုးစွန့်နိုင်မှ… အရှုံး မပေးနဲ့မိငယ်ရေ… ရဲရင့်မှ ကျော်ဖြတ် သွား… အများအကျိုးအတွက် တာ၀န်ထမ်းရွက်တဲ့အခါ… တကယ်ကိုယ်ကျိုးစွန့်နိုင်မှ”

အသက် ၇၈ နှစ်အရွယ် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က မတရားဖမ်းဆီး အာဏာသိမ်းယူခဲ့ကာ အမှုပေါင်း ၁၉ မှုနဲ့ သက်သေ ထင်ရှားမရှိဘဲ စွပ်စွဲပြီး  ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ် အထိ ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ နေပြည်တော် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတာပါ။

အဲ့ဒါကြောင့် ၁၉၈၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း သူ့မွေးနေ့ ၁၈ ကြိမ်ကို အကျဉ်းချခံနေရတုန်းမှာ ဖြတ်သန်းခဲ့ရပါတယ်။

ဒီကနေ့မှာတော့ ကမ္ဘာ့နိုင်ငံတွေ အသီးသီးက မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေအပါအဝင် ပြည်တွင်းပြည်ပက နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချင်ခင် လေးစားကြသူတွေက မွေးနေ့ ဆုတောင်းပွဲတွေ၊ အမြန်ဆုံး လွတ်မြောက်နိုင်ရေး လူထုသပိတ်လှုပ်ရှားပွဲတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

“ဒီရေလှိုင်းတွေ တရွေ့ရွေ့တက်တော့… ပင်လယ်ပြင်ဟာလှုပ်ခတ်ရစမြဲလေ… အန္တရာယ်ဓားတွေ အထပ်ထပ်ရှေ့က … ကာရံကွယ်၍ တားဆီးနေပါစေ… ဉာဉ် မြေကတုပ်မှာ စွမ်းအားသတ္တိ… တမန်တော်ဟာ သတိတရားနဲ့မမေ့နဲ့အုံး”

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013