ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီးမှာ ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၁ ရှိ အင်အားအသင့်အတင့် မြေငလျင်တခု ဇွန် ၁၉ ရက် မနက်က လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် မြန်မာစံတော်ချိန် ၈ နာရီ ၁၀ မိနစ် ၂၇ စက္ကန့်အချိန် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၉၅ မိုင်ခန့်ကွာဝေးတဲ့ မြန်မာ့ပင်လယ်ပြင်၊ ဖျာပုံမြို့ရဲ့ အရှေ့တောင်ဘက်မိုင် မိုင် ၇၀ ခန့်အကွာ ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်သွားတာလို့ ဆိုပါတယ်။
ငလျင်လှုပ်ခတ်မှု ရန်ကုန်မြို့ကနေ သိရှိခံစားရတယ်လို့ ဒေသခံတွေက ပြောပေမဲ့ ငလျင်ကြောင့် လူတွေထိခိုက်မှု သတင်းတွေကတော့ မရရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်ကလည်း ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ အင်အား ၄ ဒသမ ၈ ရှိ မြေငလျင်လှုပ်ခတ်လို့ သီလရှင်တပါးနဲ့ အမျိုးသမီး ယောဂီ တယောက်သေဆုံးခဲ့ပြီး စေတီဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ အဆောက်အဦတချို့ ပျက်စီးသွားပါတယ်။