Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်နှင့် PDF  တိုက်ပွဲပြင်းထန်
DVB
·
June 18, 2023
353403656_231285406429893_4061412715542983915_n

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်ထဲမှာ သိန္ဓောစခန်းဘက်ကို ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက် ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဘန်လောကျေးရွာနဲ့ သမီးလှကျေးရွာတို့မှာ ဇွန် ၁၇ ရက် မနက် ၁၀ နာရီလောက် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ ညနေ ၅ နာရီ လောက်မှာ တိုက်ပွဲငြိမ်သက်သွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ  ထိမှန်ပျက်စီးခဲ့ကာ အရပ်သား ၂ ဦး ဒဏ်ရာရခဲ့တယ် လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"သူတို့က လက်နက်ကြီးတွေ နဲ့ အဆက်မပြတ် ပစ်‌တယ်။ အရပ်သား ၂ ဦးဒဏ်ရာရထားတယ်။ နေအိမ်တွေ လက်နက်ကြီး ထိမှန်ပြီး အရေအတွက်ကတော့ အတည်မပြုရသေးဘူး။ လက်ရှိ ရွာသားတွေတော့ စစ်ရှောင်နေကြရတယ်။"‌ 

နှစ်ဖက်ပစ်ခတ်မှုမှာ ပြည်သူ့ကာကွယ်ရေးဘက်က ထိခိုက်မှုမရှိခဲ့ဘဲ စစ်တပ်က အထိအခိုက် ကျဆုံးများပြီး အတိအကျတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ် ပ.က.ဖ နဲ့ မြိတ်ခရိုင်တပ်ရင်း ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ညောင်ပင်ကွင်းကျေးရွာ၊ ခြောက်မိုင်ရွာ၊ ဆင်ခေါင်းရွာ၊ ဘန်လောရွာ၊ ဘန်လင်ရွာ၊ သမီးလှရွာ၊ ကော်တောရွာ၊ ရေပေါ်ရွာ၊ ဘန်ကြုတ်ရွာ၊ သကျက်ရွာနဲ့ ကျွဲထိန်းကုန်းရွာတို့က ဒေသခံပြည်သူ့အများအပြား ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024