Home
မြန်မာသတင်း
နွားထိုးကြီး-မလှိုင်ကားလမ်းတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ
DVB
·
June 18, 2023
354442710_278913774605530_3000030962126911064_n

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် နွားထိုးကြီး- မလှိုင်ကားလမ်းမ ပေါ်မှာ ဇွန် ၁၆ နေ့လယ်က ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင် နှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မလှိုင်မြို့နယ် သုံးတောင်ကျေးရွာမှ နွားထိုးကြီးမြို့နယ် မန်ကျည်းကန်ကျေးရွာဘက်သို့ ထော်လာဂျီ နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် နှစ်ဦးအပါအဝင် အမျိုးသား ၈ ဦးလိုက်ပါလါစဉ် အမည်မသိ သေနတ်သမားအဖွဲ့က  ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

 "သုံးထောင်ကျေးရွာကနေ မန်ကျည်းကန်ရွာဘက်ကို လာရင်း နေ့လယ် ၁ နာရီလောက် မကျည်းကန် လမ်းဆုံ နားမှာ ပစ်သွားတာ။ ထော်လါဂျီကို ရပ်ခိုင်းတယ်။ သုံးထောင်ကျေးရွာက ရာအိမ်မှူးရယ်  ရပ်မိ ရပ်ဖ ရယ်ကို သေနတ်နဲ့ ပစ်သတ်သွားတယ်။ ကျန်တဲ့သူတွေကိုတော့ ဘယ်မှမလုပ်ဘူး။ ဘယ်အဖွဲ့အစည်းက လုပ်လဲတော့ မသိဘူး" လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

သုံးထေါင် ကျေးရွာက ရာအိမ်မှူး  ဦးမောင်ညို နဲ့ ရပ်မိရပ်ဖ အဖွဲ့ဝင် ဦးဌေးလှိူင်ဆိုသူတို့ကို အမည်မသိ သေနတ်သမားအဖွဲ့က ပစ်သတ်သွားတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်ကလည်း နွားထိုးကြီးမြို့နယ် ဇေဒိတ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို နေအိမ်မှာ ရှိနေစဉ်  အမည်မသိသေနတ်သမားအဖွဲ့က လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024