မွန်ပြည်နယ် ရေးမြို့နယ်မြို့၊ ရန်ကြီးအောင်ရပ်နေ ဦးအောင်ဖေနေအိမ် ဇွန် ၁၆ ရက် ညက ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၆၀၀ ပါသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “အိမ်မှာ လူက မရှိကြဘူး။ ဘုရားအလှူငွေ ကျပ်သိန်း ၆၀၀ ကျော်နီးပါးလောက် ဖောက်ထွင်းပြီးခိုးယူခံသွားတယ်။ သူခိုးက နေအိမ်အနောက်ဘက်ခြမ်းကနေ တံခါးရိုက်ဖွင့်ပြီး ပစ္စည်းတွေ ဝင်ယူသွားတယ်။ မိုးကကြီးနေတယ်။ ဘေးပတ်ဝန်းကျင်အိမ်လည်း ဘယ်သူမှလဲမ ကြားရဘူး” လို့ ပြောပါတယ်။
အခုလို ရေးမြို့ပေါ်မှာ ခိုးဆိုးလုယက်က ခပ်စိပ်စိပ်ဖြစ်လာပေမဲ့ ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။