Home
မြန်မာသတင်း
နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် ဆေးရုံတင်ရ 
aung khant
·
June 17, 2023
181525-US-dollars-730x365

မန္တလေး အိုးဘိုအကျဥ်းထောင်မှာ  နှစ်ရှည်ထောင်ဒဏ် ကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး  ဦးဝင်းခိုင် ဇွန်လ ၁၆ ရက်က ဆေးရုံ တင်ထားရတယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဝန်ကြီး ဦးဝင်းခိုင်မှာ အိုးဘိုအကျဥ်းထောင်ထဲမှာ နှလုံးရောဂါဖောက်လာလို့  မန္တလေးဆေးရုံမှာ ဆေး ကုသမှုခံယူနေရတာဖြစ်တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"အသက်ကလည်း ၇၀ ကျော်ပြီဆိုတော့ အရင်ရောဂါခံရှိတော့ နှလုံးပြန်ဖောက်လာတာဖြစ်မယ် ထောင်ဆရာဝန်ရဲ့  ညွှန်ကြားချက်နဲ့ ဆေးရုံတင်ထားတာပါ"လို့  ပြောပါတယ်။

၂၀၁၈ ခုနှစ် နိုင်ငံတော်သမ္မတဦးထင်ကျော်လက်ထက်  ဝန်ကြီးဦဖေဇင်ထွန်းတာဝန်မှအနားယူလို့ ဦးဝင်းခိုင်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နဲ့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့နှစ်ဦးကို စစ်ကောင်စီက   အဂတိပုဒ်မ ၅၅ ၊ ၆၃ နဲ့ နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

အမှုဖွင့်ပြီးမကြာမီ ပြစ်မှုထင်ရှားမရှိဘဲ  ဝန်ကြီး ဦးဝင်းခိုင်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၂၈ နှစ် အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၃ ရက်ကလည်း အင်းစိန်အကျဥ်းထောင်မှာ အဂတိအမှုနဲ့ ထောင်ဒဏ်နှစ် ၂၀ ကျခံနေရတဲ့ ရန်ကုန်တိုင်း စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦး ဆေးရုံတင်ထားရင်း သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024