Home
မြန်မာသတင်း
ထီးလင်းတိုက်ပွဲ၌ YRA ရဲဘော် ၂ ဦးကျဆုံးပြီး ၁ ဦး ဖမ်းဆီးခံရ
DVB
·
June 16, 2023
354628005_783498463418825_7634689815817708835_n

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အုန်းတွဲရွာအနီးတိုက်ပွဲမှာ Yaw Revolution Army တပ်ဖွဲ့က ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကာ ၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

ထီးလင်းမြို့ကနေ ထွက်လာပြီး အုန်းတွဲကျေးရွာမှာ တပ်စွဲနေတဲ့ ဂန့်‌ဂေါအခြေစိုက် ခလရ ၅၀ လက်အောက်ခံ စစ်ကောင်စီတပ်သားတွေကို ယောဒေသကာကွယ်ရေး YRA နဲ့ CDF-KKG ပူးပေါင်းတပ်ဖွဲ့က ဇွန် ၁၅ ရက် နေ့လယ် ၂ နာရီလောက်မှာ အလစ်အငိုက် ဝင်ပစ်ခဲ့ရာက တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

Yaw Revolution Army အဖွဲ့ရဲ့ ဗျူဟာမှူး ရဲဘော်သခင်ဇော်က “သူတို့ရဲ့ကင်းပုန်းနဲ့ လှည့်ကွက်ထဲဝင်သွားခဲ့လို့ ရဲဘော်တွေ ကျဆုံးခဲ့ရတာ။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတော့ မသိခဲ့ရဘူး။ ဒဏ်ရာရတဲ့ ရဲဘော်တွေကတော့ စိုးရိမ်းရတဲ့ အခြေအနေ မဟုတ်ဘူး။ ဖမ်းဆီးခံရတဲ့ ရဲဘော်အတွက်လည်း စိုးရိမ်စိတ်ပူတယ်။ M4 သေနတ်တလက်လည်း သိမ်းဆည်းခံခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ ပစ်အား အဆမတန် ကွာဟခဲ့တာ‌ကြောင့် YRA ထီးလင်းက တပ်သား ဝင်းကိုနိုင်နဲ့ တပ်စုမှူး ဝေယံလင်းတို့ ကျဆုံးခဲ့ပြီး တပ်သား ပြည့်ဖြိုးအောင် (စိုးရိမ်ရ) နဲ့ ပကဖတပ်ဖွဲ့ဝင်တဦး၊ တပ်သားတဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကာ တပ်သားဆန်းဦး ဖမ်းဆီးခံခဲ့ရတာပါ။

စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးသွားရတဲ့ ရဲဘော်တပ်ဖွဲ့ဝင်တွေအား ဂန့်ဂေါခရိုင်တပ်ရင်း (၁၅၊ ၁၆၊ ၁၇)-YRA ထီးလင်းက နှမြောတသ ဂုဏ်ယူလေးစားစွာ အလေးနီပြုအပ်ကြောင်း ‌ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024