Home
မြန်မာသတင်း
“မြွေပွေးတစ်ထောင်ကမ်ပိန်း” နှင့် “တော်လှန်နှုတ်ခမ်းနီ” ရန်ပုံငွေရှာလှုပ်ရှားမှုစတင်
DVB
·
June 16, 2023
354063421_2494483117396327_3547279530886139201_n

စစ်အာဏာရှင်တပ်တွေကို ရင်ဆိုင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေအတွက် ရန်ပုံငွေရှာတဲ့အနေနဲ့ “မြွေပွေးတစ်ထောင်ကမ်ပိန်း” လှုပ်ရှားမှုနဲ့ “တော်လှန်နှုတ်ခမ်းနီ” လှုပ်ရှားမှုကို OFP Fundraising Program ကနေ လုပ်ဆောင်နေပါတယ်။

မြွေပွေးတစ်ထောင်ကမ်ပိန်းကို ဇွန်လ ၁၀ ရက်နေ့ကစတင်ပြီး ဇူလိုင် ၁၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အမှတ် ၁၇ တပ်ရင်းအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Burma Spring Revolution-Utica နဲ့ တော်လှန်ကောမစ် V 2.0 တို့ကနေတစ်ဆင့် မြေပြင်မှာ လက်တွေ့လှုပ်ရှားနေတဲ့အဖွဲ့ဆီ တိုက်ရိုက်လှူဒါန်းသွားမှာဖြစ်ပါတယ်။

အခုပြုလုပ်နေတဲ့ ကမ်ပိန်းကို ပြည်တွင်းကသာမက နိုင်ငံအနှံ့အပြားက မြန်မာပြည်သူတွေ ပါဝင်နိုင်ဖို့အတွက် လုပ်ဆောင်ထားတာဖြစ်ပြီး မြေပြင်မှာ လက်တွေ့ တိုက်ပွဲဝင်နေရသူတွေဆီကို တိုက်ရိုက်လှူဒါန်းမှာဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ ပါဝင်ပေးဖို့အတွက် လှုပ်ရှားမှုမှာပါဝင်တဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တော်လှန်နှုတ်ခမ်းနီ ကမ်ပိန်းကိုတော့ ဒီနေ့ ဇွန်လ ၁၆ ရက်နေ့ကနေစတင်ကာ ဇူလိုင် ၇ ရက်နေ့ထိ ၃ ပတ်တာ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်ပြည်သူတွေမှ ပါဝင်လှူဒါန်းထားတဲ့ လက်ဝတ်ရတနာများကို ရောင်းချသွားမှာဖြစ်ပါတယ်။

“တော်လှန်နှုတ်ခမ်းနီ” လှုပ်ရှားမှုမှ ရရှိလာတဲ့ အလှူငွေများကို ဂန့်ဂေါခရိုင်၊ ယင်းမာပင်ခရိုင်နဲ့ မုံရွာခရိုင် စတဲ့ တပ်ရင်း၃ ရင်းကို ကူညီထောက်ပံ့သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024