Home
မြန်မာသတင်း
“နှစ်ဖွဲ့ နှစ်လက်” ကမ်ပိန်းတွင် ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ
DVB
·
June 14, 2023
PDF-Kyaww
353835371_286531370499953_3243461471603391986_n
353643658_286531227166634_5400673380972743161_n

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ဘေးရှောင်ကျောင်းသားတွေအတွက် သင်ထောက်ကူပစ္စည်း ဝယ်ယူနိုင်ဖို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် လက်နက်ခဲယမ်းတွေ ဝယ်ယူနိုင်အောင် ကံစမ်းမဲကမ်ပိန်း ပြုလုပ်နေတယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း (၁၉) PDF-ကျော က ပြောပါတယ်။

“ကျနော်တို့စိုးမိုးနယ်မြေထဲမှာ စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်လောက်ရှိပြီး စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူ ဦးရေက အယောက် ၄၀ လောက်ရှိတယ်၊ မူလတန်းကနေ အထက်တန်းအဆင့်အထိ CDM ဆရာ/ဆရာမတွေက ပညာသင်ကြားပေးနေတယ်” လို့ PDF-ကျောရဲ့ တာဝန်ခံ နွေဦးမေတ္တာက ပြောပါတယ်။

စစ်ဘေးရှောင်ကျောင်းသားတွေအတွက် သင်ထောက်ကူပစ္စည်းတွေ အရေးပေါ်လိုအပ်နေသလို ညဘက် စာကြည့်ဖို့အတွက် မီးလုံး၊ ဆိုလာ၊ ဘက်ထရီတို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ PDF-ကျောနဲ့ LPDF အဖွဲ့တခုဖြစ်တဲ့ FRF-ဂန့်ဂေါ တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး “နှစ်ဖွဲ့ နှစ်လက်” ဆိုတဲ့ ကံစမ်းမဲ ကမ်ပိန်းတခုပြုလုပ်ပြီး အဲဒီကရတဲ့ ငွေကြေးတွေကို FRF ကတော့ လက်နက်ဖြည့်တင်းရေးအတွက် လုပ်ဆောင်မှာဖြစ်ပြီး ကျနော်တို့ ကျောတပ်ဖွဲ့ကတော့ ထုတ်လုပ်ရေး၊ စစ်ဘေးရှောင်နဲ့ တပ်တွင်းရိက္ခာပိုင်းတွေမှာ သုံးစွဲသွားမယ်” လို့ နွေဦးမေတ္တာက ပြောပါတယ်။

ကံစမ်းမဲ ၁ စောင်ကို ၁၀၀၀ ကျပ်နဲ့ ဇွန်နဲ့ ဇူလိုင် ၂ လရောင်းချမှာဖြစ်ပြီး ပထမဆုအနေနဲ့ ရွှေလက်စွပ်တကွင်း၊ ဒုတိယဆု REDMI Note 12 လက်ကိုင်ဖုန်းတလုံးနဲ့ တတိယဆုကတော့ ချင်းရိုးရာဝတ်စုံတွေကို မဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။

လက်ရှိအခြေနေမှာ ကံစမ်းမဲ ကမ်ပိန်းဟာ ၃၀ ရာခိုင်နှုန်းလောက်သာ အောင်မြင်သေးတာကြောင့် ပြည်တွင်းပြည်ပမှာရှိကြတဲ့ မိဘပြည်သူတွေအနေနဲ့ “နှစ်ဖွဲ့ နှစ်လက်”ကံစမ်းမဲ ကမ်ပိန်းမှာ ပါဝင်အားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024