Home
မြန်မာသတင်း
မြိတ်မြို့နယ်တွင် ကျောင်းသား ၂ ဦး ရေနစ်သေဆုံး
aung khant
·
June 12, 2023
351536533_227158443509256_8401911957757657555_n

တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ စန္ဒာဝတ်ကျေးရွာအုပ်စု၊ ကွမ်းသီးချောင်းကျေးရွာ  ရေကန်ထဲမှာ ရေဆင်းကူးတဲ့ ကျောင်းသား ၂ ယောက် ‌ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲက ကွမ်းသီးချောင်းကျေးရွာ၊ မေဃဝတီဘုန်းကြီးကျောင်းပုရဝုဏ်ထဲ က ရေကန်မှာ ရေဆင်းကူးရာက ရေနစ်သေဆုံးကြတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “ကြားတာတော့ ကျူရှင်အပြန် အိမ်မပြန်ဘဲ သွားတယ် ပြောတယ်။ ဒီရေကန်မှာ‌ လူတွေ သိပ်ပြီးတော့ လာမကူး‌လောက်ဘူး။ အရင်ကလည်း ကျမ ဦးလေး ကူးတာ ရေနစ်တာပဲ။ လူလာကယ်လိုသာ ပြန်ရှင်တာ၊ ရေကူးတဲ့နေရာ မဟုတ်တော့ ရေလာကူးကြတာမျိုး သိပ်မကြားမိဘူး" လို့ ပြောပါတယ်။

သေဆုံးသူတွေဟာ ကွမ်းသီးချောင်းရွာနေ မောင်ဝင်းထိန်စိုး (၁၄နှစ်) နဲ့ ကလွင်ကျေးရွာအုပ်စု၊ ပုလဲဒီပါရပ်ကွက်နေ မောင်အောင်ကောင်းကျော် (၁၆ နှစ်) တို့ဖြစ်ပြီး မြိတ်မြို့ အထက်တန်း ကျောင်းမှာ ပညာသင်ယူနေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ ၂ ဦးရဲ့ အလောင်းကို ရာသက်ပန်နာရေးကူညီမှုပရဟိတအသင်းက (၅/၁ဝဝ) တပ်မတော်ရင်ခွဲရုံကိုပို့‌ ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024