Home
မြန်မာသတင်း
အင်းတော်မြို့နယ် မဲဇာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်
DVB
·
June 11, 2023
353066586_10160919947898415_9058146130829455102_n

စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ်ထဲက မဲဇာရဲစခန်းကို ဇွန် ၁၁ ရက် မနက် ၂ နာရီဝန်းကျင်လောက်မှာ အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မဲဇာမှာ မနက်တုန်းက ပွဲကသွားတယ်၊ မနက် ၂ နာရီကနေ ၄ နာရီလောက်အထိကြာတယ်။ မဲဇာစန်းကို သွားပြီးတိုက်ခိုက်ကြတာပါ၊ စခန်းကို သိမ်းလိုက်နိုင်တာတော့ မရှိဘူး၊ သူတို့(စကစ)တွေဘက်က စခန်းကို ကျောက်ထုပ်တွေနဲ့သေချာလုပ်ထားတာ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်ကောင်စီတပ်သားတွေရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မဲဇာရဲစခန်း တိုက်ခိုက်ခံရပြီးနောက် အင်းတော်မြို့ပေါ်ကနေ စစ်ကောင်စီတပ်က လက်နက်ကြီး အကြိမ်ရေ ၁၀ လုံး ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မဲဇာကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ ပြည်သူတဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

မဲဇာရဲစခန်းမှာ အင်းတော်မြို့ကနေ ၁၀ မိုင် အကွာမှာရှိပြီး စစ်ကောင်စီလက်အောက်က ရဲနဲ့ စစ်သား အင်းအား ၆၀ ဝန်းကျင် တပ်စွဲထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024