Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲကို အကျဉ်းသား ၄၄ ဦး အောင်မြင်ပြီး၊ ၄၁ ဦး ဂုဏ်ထူးထွက်
DVB
·
June 11, 2023
352101041_10159487791122913_4992896718367551819_n

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးကနေ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ကြသူတွေအနက် ၄၄ ယောက် စာမေးပွဲအောင်မြင်ခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဌာနကနေ သိရပါတယ်။

စနစ်ဟောင်းကို နောက်ဆုံးနှစ်အဖြစ် ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေဝင်ရောက်ဖြေဆိုသူဟာ ၄၈ ဦးရှိခဲ့ပြီး အဲ့ဒီထဲက ၄၄ ဦးအောင်မြင်ကာ ၄၁ ဦးကတော့ ဂုဏ်ထူးထွက်ခဲ့ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့တဲ့ အကျဉ်းထောင်တွေကတော့ အင်းစိန်၊ မန္တလေး၊ ရမည်းသင်း၊ လွိုင်ကော်၊ ဘားအံ၊ နေပြည်တော်၊ ပဲခူး အကျဉ်းထောင်တွေပဲဖြစ်ပါတယ်။

အရင်နှစ်တွေကလည်း တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုလိုတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်တွင်းမှာပဲ ပညာသင်ပေးပြီး၊ သက်ဆိုင်ရာ စာစစ်ဌာနတွေကို လုံခြုံရေးအစောင့်အရှောက်နဲ့ ဝင်ရောက်ဖြေဆိုစေခဲ့ပါတယ်။

အရင်နှစ်တွေကတော့ အကျဉ်းထောင်တွေက ဝင်ရောက်ဖြေဆိုအောင်မြင်တဲ့အရေအတွက်ဟာ အခုနှစ်လို ရာနှုန်းပြည့် နီးပါးလောက်မရှိသလို ဂုဏ်ထူးရသူအရေအတွက်ကလည်း အခုနှစ်လောက်များပြားခဲ့တာမျိုးမရှိဘူးလို့ စစ်ကောင်စီပညာရေးဌာနက သိရပါတယ်။

အကျဉ်းကျပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို အောင်မြင်သူတွေဟာ ပြစ်မှုကြီးရင်တော့ ပြစ်ဒဏ်ကနေ လျော့ပေါ့ခံစားခွင့်ရသလို ပြစ်မှုပြစ်ဒဏ်က ၁ နှစ်၊ ဒါမှမဟုတ် ၂ နှစ် ပြစ်ဒဏ်မျိုးဆိုရင်တော့ ခွင့်ပြုချက်နဲ့ လွတ်ငြိမ်းခွင့်ရပြီး အခမ်းအနားနဲ့ ဂုဏ်ပြုခံခဲ့ကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024