စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အနီးမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီစျေးနှုန်းတွေ အဆမတန် မြင့်တက်နေပြီး အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ မြိုခံတွေက ပြောပါတယ်။
မင်းကင်းမြိုပေါ်မှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ သက်ငယ်ဆန်တစ်ပြည်ကို ကျပ် ၆၅၀၀ ၊ စားအုန်းဆီ တစ်ပိဿာကို ကျပ် ၃၀၀၀၀ နဲ့ ဓာတ်ဆီတစ်လီတာကို ကျပ် ၂၀၀၀၀ ကျပ်အထိ စျေးတွေ မြင့်တက်နေတာပါ။
မေလကစတင်ပြီး စစ်ကောင်စီစစ်ကြောင်းတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့သူတွေ များပြားလာတဲ့အပြင် အနီးအနားကျေးရွာဒေသခံတွေအနေနဲ့ မင်းကင်း မြို့ပေါ်ကို သွားရောက်ရာမှာ စစ်တပ်က လမ်းတွေကို ပိတ်ဆို့တာ၊ ဖမ်းဆီးစစ်ဆေးတာတွေကြောင့် ကုန်ပစ္စည်းနဲ့ အခြေခံစားသောက်ကုန်တွေ သွားမဝယ်ရဲတဲ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်တာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက မင်းကင်းမြိုနယ် ဇင်ကလဲကျေးရွာကနေ ဆန်ထွက်ဝယ်တဲ့ ရွာသား တယောက် စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ခံခဲ့ရပါတယ်။
မင်းကင်းမြိုနယ်မှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးလှုပ်ရှား နေတာတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၅၀၀၀ ကျော်လောက်ဟာ ကျေးရွာတွေ ကနေ မကြာခဏ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။