Home
မြန်မာသတင်း
ရသေ့တောင်နှင့် ဘူးသီးတောင်ရှိ  မုန်တိုင်းသင့် မြိုတိုင်းရင်းသားများ အကူညီလိုအပ်နေ
DVB
·
June 9, 2023
352748511_268499709000747_8757823813792728886_n

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင် မြို့နယ်ရှိမှာရှိတဲ့ မုန်တိုင်းသင့် မြိုတိုင်းရင်းသား ပြည်သူတွေအနေနဲ့ စစ်ကောင်စီထံကရော နိုင်ငံတကာနဲ့ ပရဟိတအဖွဲ့တွေထံကပါ အကူအညီတွေ အခုချိန်ထိမရသေးဘူးလို့ မြိုတိုင်းရင်းသားတွေကပြောပါတယ်။

မေလ ၁၄ ရက်နေ့မှာ တိုက်ခက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရသေ့တောင်မြို့နဲ့ ဘူးသီးတောင်မြို့မှာရှိတဲ့ မြိုတိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးရွာ ၉ ရွာ အားလုံးဟာ တစ်ရွာလုံးနီးပါးပျက်စီးခဲ့ပြီး အိမ်ခြေအဆောက်အအုံ ၆၀ ရာခိုင်နှုန်းဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မုန်တိုင်းတိုက်ခတ်ပြီးသွားတာ  တစ်လနီးပါးကြာခဲ့ပေမယ့် အခုအချိန်အထိ ဘယ်နေရာကမှအကူအညီ မရရှိပဲ အစားအစာကို အချင်းချင်းမျှဝေစားသောက်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း သောက်သုံးရေမသန့်ရှင်းတဲ့အတွက် ကလေးငယ်တွေအနေနဲ့ဝမ်းပျက် ၊ ဝမ်းလျော ဖြစ်ကာ အရေးပေါ် ဆေးကုသမှုတွေလည်းလိုအပ်နေပြီး မုန်တိုင်းသင့်ခဲ့တဲ့ မြို ကျေးရွာ ၉ ရွာပေါင်းရင် လူဦးရေ ၅၅၀၀ ဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024