Home
မြန်မာသတင်း
ရေလယ်ကျွန်းဒေသ စစ်ရှောင်ပြည်သူသောင်းချီ စားဝတ်နေရေးအခက်ခဲကြုံ
DVB
·
June 5, 2023
351178776_2443613829177945_4789579829612763541_n

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာပေါင်း ၃၀ လောက်ရှိ  စစ်ဘေးရှောင် ပြည်သူ ၂၈၀၀၀ လောက် စားဝတ်နေရေးအခက်တွေ့နေတယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ရေစကြိုဒေသကို စစ်ကောင်စီတပ်တွေက မေ ၂၆ ရက်မှ ၂၈ ရက်အထိ ၃ ရက်ဆက်တိုက် စစ်ကြောင်းထိုးကာ ရွာစဥ်ပတ် အကြမ်းဖက် မီးရှို့ခဲ့တာကြောင့် ကျေးရွာ ၂၇ ရွာက နေအိမ် ၆၉၀ ကျော် မီးလောင် ပျက်စီးခဲ့ရာကာ သောင်းနဲ့ချီတဲ့ ရွာသူရွာသားတွေ စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရတာပါ။ 

ရေစကြိုပကဖ ရဲဘော် ဆူးလုံးက "ခုလောလောဆယ် ရပ်ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ နေကြတာပေါ့။  ရွာက မီးလောင်ပြင်ဆိုတော့ နေလို့ အဆင်မပြေဘူး။ အခုစစ်ကြောင်း ထွက်သွား တော့ နေ့ခင်းနေ့လည်ဆို မီးလောင်ပြင်ကို သွားပြီးရှင်းလိုက်။ ဘုန်းကြီးကျောင်းမှာ ညအိပ် ညနေ သွားနေလိုက် နေနေရတယ်"လို့ ဆိုပါတယ်။ 

ရေလယ်ကျွန်းဒေသက တောင်သူတွေအများဆုံးနေထိုင်ကြပြီး ကောက်ပဲသီးနှံတွေ ရိတ်သိမ်းထားပြီး မီးထဲပါသွားတာကြောင့်စားနပ်ရိက္ခာပါအခက်ခဲ ဖြစ်နေတယ်လို့ပြောပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ချိန်က ရေလယ်ကျွန်း​ဒေသက ကောက်ပဲသီးနှံတွေ ပျက်စီးခဲ့ပြီး  ကျန်ခဲ့တဲ့ကောက်ပဲသီးနှံတွေကို စစ်ကောင်စီတပ် မီးရှို့တာကြောင့်ပျက်စီးခဲ့တဲ့အတွက် စားနပ်ရိက္ခာ အခက်ခဲရှိနေတာလို့ သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024