Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီး ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးများ တိုက်ခိုက်ခံရ
DVB
·
June 3, 2023
347241315_1054250318882213_1786882819193566618_n

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က ရဲစခန်း၊ ခလရ ၂၈၄ နဲ့ ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ အခွန်ရုံးနဲ့ တရားရုံးတွေကို  ဇွန် ၂ ရက် မနက် ၅ နာရီက KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fနဲ့  Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး   တပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)နဲ့   ဒေသကာကွယ်ရေးတပ်ဖွဲ့၊ တောင်ပိုင်း စစ်ဒေသတို့က သတင်းထုတ်ပြန်ပါတယ်။

ရဲစခန်းနဲ့ ရုံးတွေ ကြေမွပျက်စီးသွားပြီး  စစ်တပ် နဲ့ ရဲ ၁၀ ဦးလောက် သေဆုံးခဲ့ကာ ၁၅ ဦးခန့် ဒဏ်ရာ ရခဲ့သလို KNLA PDF ပူးပေါင်းအဖွဲ့ဘက်က S.O.F ရဲဘော် ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်က လက်နက်ကြီးအပါအဝင် ရဟတ်ယာဉ်တွေနဲ့  မြို့ပေါ်နေရာအနှံ့ ပစ်ခတ်ခဲ့လို့ ရဟန်းတော်တစ်ပါး လက်နက်ကြီးထိမှန်ခဲ့ပြီး  ဒေသခံ ၂  ဦးလည်း လက်နက်ကြီး ထိမှန် သေဆုံးခဲ့ကာ ဘာသာရေးအဆောက်အဦးတွေ လူနေအိမ်အများအပြား ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်တပ်က မြို့ပေါ်ရပ်ကွက်တွေနားက ကျေးရွာတွေကို လက်နက်ကြီး နဲ့ နေ့စဉ် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို သေဆုံးသူအရေအတွက်ကိုလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024