Home
မြန်မာသတင်း
ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှူးနှင့်အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ 
DVB
·
June 3, 2023
351105646_984129399614130_8233260677096623603_n

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၁ ရပ်ကွက်၊ ပဲခူးမြစ်လမ်း၊ ယုဇနဥယျာဥ်အိမ်ရာရှေ့ရှိ ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှာ ဇွန်လ ၂ ရက်  မနေ့ည ၉ နာရီကျော်က ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ ဒဏ်ရာရသူတချို့ရှိတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှာ ရဲမှူးနဲ့အဖွဲ့ ယာဥ်စစ်ဆေးရေးအတွက် လူစုဝေးနေစဥ် အမည်မသိလက်နက်ကိုင်တွေက ဗုံးနှစ်ကြိမ်ပစ်ခတ်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

"ဗုံးနဲ့နှစ်ကြိမ်အပစ်ခံရတာ၊ ဗုံးပေါက်ပြီးမှ သေနတ်ပစ်သံတွေ ကြားရတာ၊ အပြန်အလှန်ပစ်တဲ့ပုံစံမျိုး လူနာတင်ယာဥ်အသံတွေလည်းကြားရတယ် "လို့ပြောပါတယ်။

ကုလားဝဲတံတားဘက်က မောင်းလာတဲ့ ကားတစ်စီးက မြို့နယ်ရဲမှူးနဲ့ အဖွဲ့ကို လက်လုပ်ဗုံးနဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေစဥ် သေနတ်နဲ့ ထပ်မံပစ်ခတ်ခံရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ယာဥ်စစ်ဆေးဖို့အတွက် လူစုနေတဲ့အချိန် ဗုံးနဲ့ပစ်တာ။  ရဲတွေပြေးထွက်လာတော့ သေနတ်နဲ့ထပ်ပစ်တယ်။  သေတဲ့သူတော့မရှိဘူး။ ဒဏ်ရာရတဲ့သူတော့ ရှိတယ်။”

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ရဲတွေဟာ ပစ်ခတ်သူတွေကို ပိတ်ဆို့ရှာဖွေခဲ့ပေမဲ့ ဖမ်းဆီးရမိခြင်းမရှိဘူးလို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဇွန်လ ၁ ရက် ည ၈ နာရီကလည်း ရွှေပြည်သာမြို့နယ် ၇ ရပ်ကွက် ပြည်သူ့ဆေးရုံဘေး တော်ဝင်ပတ်လမ်းနဲ့ ၆ ရပ်ကွက် ဘုရင့်နောင်လမ်းမြို့ နယ်တရားရုံးရှေ့မှာ ဗုံးနှစ်ကြိမ် ပေါက်ခဲ့ပါတယ်။

ဒါ့အပြင်  မင်္ဂလာဒုံမြို့နယ် ၄ ရပ်ကွက် ခရေပင်လမ်း ခရေပင်လမ်းဆုံအနီးက စစ်ကောင်စီတပ်စောင့်နေတဲ့ လုံခြုံရေးဂိတ်အနီးမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

အလားတူပင် ဇွန်လ ၂ ရက် မနက်ကလည်း ရွှေပြည်သာစက်မှုဇုန် Power Fashion အထည်ချုပ်စက်ရုံဘေးမှာ မပေါက်ကွဲသေးတဲ့လက် လုပ်ဗုံးနှစ်လုံးကိုတွေ့လို့ စစ်တပ်က ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024