အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်ဟာ မေလထဲမှာ ပဲခူးတိုင်းထဲက ရှေ့တန်းစစ်မြေပြင်ကိုသွားပြီး PDF ရဲဘော်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးလည်းဖြစ် ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးလွင်ကိုလတ်ဟာ မေလ ဒုတိယအပတ်မှာ ပဲခူးတိုင်းထဲက Royal Peacock Column ရှေ့ထွက်စစ်ကြောင်းရဲ့ ရှေ့တန်း စစ်မြေပြင်ကိုရောက်လာပြီး PDF ရဲဘော်တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ တပ်ဖွဲ့က မေ ၃၁ ရက်မှာ ထုတ်ပြန်လာတာပါ။
ဝန်ကြီးနဲ့ အဖွဲ့ဟာ ကျေးရွာတွေကိုသွားရောက်စဉ် ဒေဿခံ ပြည်သူလူထုနဲ့ တွေ့ဆုံပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကိုလည်း ဆွေနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။