မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းမှာ မေ ၃၀ ရက် မနက်ပိုင်းက စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက် ၉ နာရီ ၂၀ မိနစ်လောက်က ရေးမြို့နယ် ပိန်နဲတောကျေးရွာနားမှာ သံဖြူဇရပ်က ဆင်းလာတဲ့ စစ်ကား ၄ စီး၊ ရိက္ခာတင်ကား ၅ စီးကို တောင်ညိုစစ်ကြောင်း တပ်ခွဲ-၂ နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့က ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အခုလို ပစ်ခတ်ခံရချိန် စစ်ယာဉ်တန်းက ပြန်ပစ်လို့ အောင်သပြေကျေးရွာက အသက် ၄၀ အရွယ်ရှိ ကိုစံသွင် ဆိုသူဟာ ကားလမ်းဘေးမှာသွားနေရင်း ကျည်ထိသေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်က ၃ ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပြီး ပူးပေါင်းအဖွဲ့တွေက အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။