ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအနီးတိုက်ပွဲမှာ မေ ၂၇ ရက်က ကျဆုံးသွားတဲ့ ရဲဘော် သုံးယောက်ရဲ့ ဈာပနကို မေ ၂၈ ရက်မှာ လုပ်ပေးခဲ့တယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေး တပ်ရင်း၂ က ထုတ်ပြန်ပါတယ်။
ရဲဘော်ပီတယ်၊ ရဲဘော်မာတီးနိုနဲ့ ရဲဘော်ဖရန်စစ္စကိုတို့ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော်တယောက်က "ရှေ့တန်းမှာက စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတယ်။ လေကြောင်း ဆိုတော့ ခံရတာပေါ့။"လို့ ပြောပါတယ်။
အဆိုပါ ရဲဘော်သုံးဦးဟာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တတ်ပြီး ဦးဆောင်မှုနဲ့ အမိန့်နာခံမှုကောင်းသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ရဲရင့်တဲ့ရဲဘော်တွေ ကျဆုံးရခြင်းအတွက် စိတ်မကောင်းဖြစ်ရပြီး ကျန်နေတဲ့ရဲဘော်တွေက စိတ်ဓာတ်ကျ အားလျော့ခြင်းမရှိဘဲ တိုက်ပွဲဝင်သွားမယ်လို့ သိရပါတယ်။