Home
မြန်မာသတင်း
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ GE တပ် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
May 28, 2023
350117194_1717093092096773_3034854728954722007_n

မန္တလေးမြို  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နားက မန္တလေးတောင်ခြေက ခလရ-၉၁၀ ရဲ့ အင်ဂျင်နီယာ (GE) တပ်ကို  မေ ၂၇ ရက် မနက် ၈ နာရီလောက်မှာ ဒေသကာကွယ်ရေးတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) နဲ့အတူ  ပြင်ဦးလွင်ခရိုင် PDF အမှတ် ၁ တပ်ရင်း တပ်ခွဲ ၁ တို့က ၄၀ မမ ၂ လုံးနဲ့ လက်နက်တိုက်ရှိနိုင်တဲ့နေရာကို ပစ်ခတ်ခဲ့တာလို့ နတ်ဆိုး​ ​မြေ​အောက်​တော်လှန်​ရေး​ တာဝန်ခံ ဗိုလ်နတ်ဆိုးက ပြောပါတယ်။

"ပြည်သူတွေကို သတ်ဖြတ်နေတာတွေ၊ ဖိနှိပ်နေတာတွေ၊ မထီမဲ့မြင်ပြုနေတာတွေကို လျှော့ချနိုင်အောင်နဲ့ နယ်မြေအရပ်ရပ်က စစ်မျက်နှာပြင်တွေပေါ် အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင် တာတွေ အနည်းငယ်လျော့ကျစေဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တာပါ။" 

တပ်အနီး မန္တ​လေး​တောင်​ခြေမှာ ​စျေး​ရောင်းသူတဦးက​ "GE တပ်က မန္တ​လေးတောင်ခြေမှာဆိုတော့ အတော်ကျယ်တယ်။ ​တပ်ဝင်​ပေါက်ရှိတဲ့ ​တောင်ပတ်လမ်းက​တော့ ပိတ်ထားတာကြာပြီ။ ​ကွင်းလမ်းဖြစ်တဲ့ အရှေ့မြို့ပတ်လမ်းကပဲ သွားလို့ရတယ်။ အဲဒီဘက်က​နေ ဝင်ပစ်သွားကြတာ" လို့ ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်တပ်က လမ်းပိတ်စစ်ဆေးခဲ့ပြီး မြို့ထဲမှာ တိုက်ခိုက်ခဲ့ရတာကြောင့် လုံခြုံ​ရေးအရ ချက်ချင်းဆုတ်ခွာလာခဲ့ကာ အထိအခိုက်ကို မသိရသေးဘူးလို့ ဗိုလ်နတ်ဆိုးက ​ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တစုံတရာထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024