ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ရှုခင်းသာအိမ်ရာအတွင်းမှာ မေ ၂၇ ရက်ညက လူငယ်တဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သာကေတလူမူကူညီရေးအသင်းဆီက သိရပါတယ်။
အသက် ၂၀ အရွယ် စောဘဲကလူးဟာ ဝိုင်ဖိုင်ကေဘယ်လ်ကြိုး တက်ရောက်ပြုပြင်စဥ် ဓာတ်လိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
"ကျနော်တို့ကို တာဝန်ရှိတဲ့သူတွေ ဆက်သွယ်တဲ့အတွက် သွားရောက်ခဲ့တာပါ။ ကျနော်တို့ ရောက်တော့ ဓာတ်လိုက်ခံရတဲ့လူနာက သေဆုံးနေပြီ" လို့ အောင်နိုင်သူလူမူကူညီရေးအသင်း တာဝန်ရှိတဲ့သူက ပြောပါတယ်။
သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို အောင်နိုင်သူ လူမူကူညီရေးအသင်းကားနဲ့ သင်္ကန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။