Home
မြန်မာသတင်း
ရိုဟင်ဂျာနေရပ်ပြန်ရေး စစ်ကောင်စီဝန်ကြီး ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံသွားရောက် 
DVB
·
May 26, 2023
349163815_698920675370114_156900133191549358_n

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ဆွေးနွေးဖို့ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ၁၄ ဦးက မေလ ၂၅ ရက်မနက်က  ကော့ဘဇားခရိုင် တဲခ်နာ ဒုက္ခသည်စခန်းကို ဒုတိယအကြိမ်လာရောက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့မေလ ၁၅ ရက်ကနေ ၂၀ ရက်အထိ စစ်ကောင်စီလက်အောက်ခံအရာရှိ ၁၇ ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပထမအကြိမ်လာရောက်ကာ နေရပ်ပြန်ပို့ဖို့ကိစ္စ စုံစမ်းခဲ့ပြီး ဒီတခေါက်မှာတော့ နေရပ်ပြန်ပို့ရေးဂေဟာကို ပို့ဆောင်ထားတဲ့ အမှတ် ၂၆ နယ်မြေက ဒုက္ခသည်တွေနဲ့တွေ့ဆုံဖို့ရှိကာ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး စည်းရုံးဆွေးနွေးပွဲပြု လုပ်သွားမယ်လို့သိရပြီး  အသေးစိတ်ကိုတော့ဖော်ပြခြင်း မရှိပါဘူး။

စစ်ကောင်စီအရာရှိတွေ လာရောက်တဲ့နေ့မှာဘဲ ရိုဟင်ဂျာတွေကလည်း    အချက် ၄ ချက်ပါ တောင်းဆိုချက်တွေရေးထားတဲ့ ဆိုင်းဘုတ်တွေကို ဒုက္ခသည်နေအိမ်တွေမှာကပ်ထားပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

တောင်းဆိုချက်တွေထဲမှာတော့ နိုင်ငံသားကတ်နဲ့ နိုင်ငံသားအခွင့်အရေးရရှိရေး၊ မူလနေအိမ်တွေနဲ့ ပစ္စည်းဥစ္စတွေပြန်လည်ရရှိရေး၊ သွားလာခွင့်နဲ့ အသက်မွေးဝမ်းကျောင်းအခွင့်အရေးရရှိရေး၊ လုံခြုံမှုအာမခံချက်ရရှိရေးတို့ ပါဝင်ပါတယ်။

sorce- Dhakatribune/Rohingya Peace Network

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013