မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမှတ် ၅ နယ်မြေ သက္ကံချိုင်းကျေးရွာမှာ မေ ၂၂ ရက်က အမျိုးသား တယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
အရက်မူးနေတဲ့ အသက် ၃၅ နှစ်အရွယ် ကိုသက်နိုင်စိုးဟာ ဒူးဆစ်လောက် အနက်သာရှိတဲ့ ရေကန်ထဲ ချော်ကျရာက ပြန်မထနိုင်ပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။
သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ညနေ ၅ နာရီလောက် ရွာက ဆယ်ပေးဖို့ အကြောင်းကြားလာလို့ သွားရောက်ကူညီပေးခဲ့တယ်လို့” ပြောပါတယ်။
မေ ၂၂ ရက် မနက်ပိုင်းကလည်း ပိတ်ချင်းမြောင်နားက ငါးတွင်းလေး (မြစ်စင်း) ရေတံခွန်မှာ အသက် ၁၈ နှစ်အရွယ် အမျိုးသားတယောက် ရေနစ်သေဆုံးခဲ့ပါတယ်။