Home
မြန်မာသတင်း
ဒဂုံဆိပ်ကမ်း ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦး ပစ်သတ်ခံရ
DVB
·
May 22, 2023
Dagon Seik Kan 88 ward

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်မှာ မေ ၂၂ ရက် ဒီနေ့မနက် ၁၀ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်လွင် အပါအဝင် ၇ ဦးအဖွဲ့ သေနတ်နဲ့ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လွင် အပါအဝင် ၇ ဦးဟာ ဒီနေ့မနက် ၁၀ နာရီက ဆိုင်ကယ်လေးစီးနဲ့ ရုံးကိုလာတဲ့အချိန် ငွေဇင်ယော်လမ်းမှာ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“သေနတ်သံတွေကို ဆူညံသွားတာပဲ။ ပစ်တာ အချက်နှစ်ဆယ်လောက်ရှိမယ်။ သေတဲ့သူရော ဒဏ်ရာရတဲ့သူရော ရှိတယ်လို့ ပြောတယ်။ လူနာတင်ယာဥ်တွေရော စစ်ကားတွေရော ရောက်လာတယ်။”

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်လွင် အပါအဝင် ၇ ဦးဟာ အဖွဲ့လိုက် ဆိုင်ကယ်နဲ့ထွက်လာချိန် သေနတ်ကိုင်ဆောင်ထားသူတွေက အနောက်ကနေ ဆိုင်ကယ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အချက် ၂၀ သေနတ်နဲ့ပစ်တာ၊ မင်္ဂလာဒုံစစ်ဆေးရုံကို မပို့ခင် အခင်းဖြစ်တဲ့နေရာမှာတင် သေသွားတယ်။”

လတ်တလော ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ပိတ်ဆို့စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင် ၆ ရက် ညပိုင်းကလည်း ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ယာဥ်မောင်းဖြစ်သူ သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်ကလည်း ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်လွင်နဲ့အဖွဲ့ ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024