Home
မြန်မာသတင်း
မြို့သစ်မြို့ အဝေးပြေးကားလမ်းပေါ် ယာဥ်တိုက်မှုဖြစ်ပြီး ၄ ဦး သေဆုံး
DVB
·
May 21, 2023
348439644_1005948444119370_3593902469412474408_n

နေပြည်တော် - ကန်ပြားကားလမ်းမ၊ ရွှေပန်းတောရွာနား ကားလမ်းကွေ့တခုမှာ မေ  ၂၁ ရက် မနက် ၁၀ နာရီလောက်က မန္တလာမင်းခရီးသည်တင်ကားနဲ့ ဟိုက်ဂျက်ကားတစီး တိုက်မှု ဖြစ်ပွား ခဲ့တယ်လို့ မကွေးမြို့မြေပြင်လူမှုကယ်ဆယ်ရေးအသင်းဆီက သိရပါတယ်။

ရန်ကုန်ကိုထွက်ခွာလာတဲ့  မန္တလာမင်းကားနဲ့ မကွေးမြို့ကိုသွားမယ့် ဟိုက်ဂျက်ကားတို့ တိုက်မိခဲ့ တာဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် Hijet ယာဉ်ပေါ်ပါ ခရီးသည် ကျား ၄ ဦး၊ မ ၇ ဦး စုစုပေါင်း ၁၁ ဦးအနက် ကျား ၁ ဦး၊ မ ၃ ဦး သေဆုံးခဲ့ပြီး ကျား ၃ ဦး၊ မ ၄ ဦး  ထိခိုက်ဒဏ်ရာ ရရှိခဲ့လို့ မနောဖြူလူမှုကူညီရေးနဲ့ ခေမာလူမှုကူညီရေးအသင်းတို့က မြို့သစ်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ မြို့သစ်မြို့နယ် မီးသတ်စခန်း ထုတ်ပြန်ချက်အရ သိရပါတယ်။

မကွေးမြို့မြေပြင်လူမှုကယ်ဆယ်ရေးအသင်းဝင်တဦးက “ဟိုက်ဂျက်က နေပြည်တော် ကုတင် (၁၀၀၀) ကနေ ဆေးရုံဆင်းလာပြီး စလင်းမြို့ကို ပြန်လာရင်း အခုလို ဖြစ်တာပါ။ ကလေးငယ်တဦး လည်း ပေါင်းရိုးကျိုးသွားပါတယ်။”လို့ ဆိုပါတယ်။

သေဆုံးခဲ့သူ အမျိုးသမီး ၃ ဦးမှာ အသက် ၄၀ ကျော်အရွယ်နဲ့ အသက် ၆၀ ကျော်အရွယ်တွေ ဖြစ်တယ်လို့ သိရပြီး Express ခရီးသည်တင်ကားကတော့ ယာဉ်မောင်းနေရာ မထိဘဲနဲ့ စပယ်ယာပါတဲ့ ဖက်ကိုထိသွားလို့ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိဘူးလို့ ပြောပါတယ်။

နေပြည်တော် - ကံပြားကားလမ်း(အဝေးပြေးကားလမ်း) ၊ မိုင်တိုင် ၃၉ မိုင်နေရာကစပြီး လမ်းပိုင်းကျဥ်းမြောင်းမှုတွေကြောင့် ယာဥ်မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024