မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ မုန်တိုင်ရွာအကျော် တံတားအနီးမှာ မေ ၁၆ ရက် ည ၉ နာရီခွဲ လောက်က မြေသယ်ကားတစီး ချောက်အတွင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“မုန်တိုင်အကျော် တံတားနားမှာက အမြဲတမ်း ဖြစ်လေ့ဖြစ်ထရှိတယ်။ အန္တရာယ်တံတားလို့လည်း ခေါ်ကြတယ်။ မြေသယ်ကားက တံတားဘေး ချောက်ထဲကျပြီး မှောက်သွားတာ၊ ကားထဲမှာ သေဆုံးတဦးရှိတယ်” လို့ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
မိတ္ထီလာခရိုင်မီးသတ်က ကရိန်းနဲ့ မှောက်နေတဲ့ကားကို ထောင်မတ်ကာ ကားထဲညပ်နေတဲ့ ယာဉ်မောင်းကို ထုတ်ယူခဲ့ပြီး ရုပ်အလောင်းကို မိတ္ထီလာဆေးရုံကြီးကို ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။