Home
မြန်မာသတင်း
မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အကောင်အထည်ဖော်ရေးလုပ်ဆောင်မည်ဟု Move Forward ပါတီခေါင်းဆောင်ပြော
DVB
·
May 15, 2023
Screenshot 2023-05-15 174935

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်အောင် တိုက်တွန်းလုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာပြည်သူတွေအတွက်  လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့ ထိုင်းကနေ စင်္ကြံလမ်းကြောင်းတွေ ဖွင့်ပေးသွားမယ်လို့  ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

မနေ့ကကျင်းပပြီးစီးသွားတဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ လိမ္မော်ရောင်အမှတ်အသားပါ Move Forward Party (ကလောက်ကိုင်ပါတီ) က ပါတီလွှတ်တော်အမတ်နေရာ အများဆုံးနဲ့ အနိုင်ရပြီးနောက် မေလ ၁၅ ရက်  ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တဦးရဲ့အမေးကို  ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်က တုံ့ပြန် ပြောကြားလိုက်တာပါ။

ဒေသတွင်း တည်ငြိမ်ဖို့ အရေးကြီးတဲ့အကြောင်း အလယ်အလတ် ဖြစ်တဲ့နိုင်ငံတွေအတွက်က အချင်းချင်းဖေးမကူညီနေဖို့လိုတယ်၊ အာဆီယံ ဘုံသဘောတူညီချက် (၅)​ရပ်ကို အကောင်အထည်ဖော်နိုင်ဖို့ တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။

ဒါ့ပြင် အမေရိကန်အစိုးရက အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ Burma Act  ဥပဒေကို အကောင်အထည်ဖော်နိုင်ဖို့အတွက်  နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်၊ မြန်မာပြည်သူတွေဟာ သူတို့နိုင်ငံအရေးကို သူတို့ကိုယ်တိုင်ဖြေရှင်းလာနိုင်အောင် အားပေး လုပ်ဆောင်ရွက်သွားမယ်၊ အမှန်တရားက အင်အားဖြစ်တယ် အင်အားကြီးမားတာဟာ  အမှန်တရားမဟုတ်ပါဘူးလို့  ပါတီခေါင်းဆောင် ထိမ်းဖိထားက ဖြေကြားသွားပါတယ်။

မေလ ၁၄ ရက်က ကျင်းပပြီးစီးသွားတဲ့ ထိုင်းနိုင်ငံ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ လိမ္မော်ရောင်အမှတ်အသားပါ Move Forward Party (ကလောက်ကိုင်ပါတီ) က ပါတီလွှတ်တော်အမတ်နေရာမှာရော၊ ခရိုင်အမတ်နေရာမှာပါ ဆန္ဒမဲအများဆုံးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 

ကြိုတင်မဲအရေအတွက်တွေ ထည့်မပေါင်းရသေးသလို ရွေးကောက်ပွဲကော်မရှင်က မဲရလဒ် တရားဝင်မကြေညာသေးပေမဲ့  MFP ပါတီကတော့ သူတို့ပါတီ အနိုင်ရကြောင်းနဲ့ ဝန်ကြီးချုပ် ဖြစ်ဖို့နဲ့ အစိုးရကို ဦးဆောင်ဖွဲ့စည်းသွားဖို့ အဆင်သင့်ပြီလို့ ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်က ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ ထုတ်ပြန်ပြောကြားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024