Home
မြန်မာသတင်း
ရဲစခန်းအနီးနေထိုင်သူများ နေရာရွှေ့ပြောင်းရန် CDF ပြောက်ကျားတပ်ဖွဲ့သတိပေး
DVB
·
May 10, 2023
Kalay University
Khai Kam Police Station

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်နဲ့ ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ ရဲစခန်းအနီးမှာ တည်ရှိတဲ့ ဒေသခံမိသားစုဝင်တွေကို ရွှေ့ပြောင်းနေထိုင်ကြဖို့ CDF- Civic Defense Militia -Siyinအဖွဲ့က သတိပေးထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မေ ၁၀ ရက် ဒီနေ့ နောက်ဆုံးထား ရွှေ့ပြောင်းနေထိုင်ပေးကြဖို့နဲ့ ရွှေ့ပြောင်းနေထိုင်တာ မရှိတဲ့ ပြည်သူတွေအနေနဲ့ ထိခိုက်မှုတစုံတရာရှိခဲ့ပါက တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်း CDF CDM -Siyin အဖွဲ့က ဆိုထားပါတယ်။

CDF CDM -SIYIN အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “စစ်ရေးအခြေအနေအရ ရွှေ့ပြောင်းဖို့ မေတ္တာရပ်ခံထားတာပါ။ လက်ရှိအခြေအနေကိုတော့ ပြောပြလို့မရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကလေးတက္ကသိုလ်နဲ့ ခိုင်ကမ်းရဲစခန်းအနီးမှာ နေထိုင်တဲ့ ပြည်သူတွေအများစုကတော့ ကလေးမြို့ တာဟန်းရပ်ကွက်ဘက်ကို ရွှေ့ပြောင်းနေထိုင်နေကြတယ်လို့ သိရပြီး စစ်ကောင်စီ ရွှေ့ပြောင်းနေထိုင်တဲ့ အိမ်တွေကို မီးရှို့‌မယ်လို့ ပြောဆိုနေတာတွေလည်းရှိတယ်လို့ သိရပါတယ်။

ကလေးတက္ကသိုလ်နဲ့ ခိုင်ကမ်းရဲစခန်းဟာ ကလေး-တီးတိန် ကားလမ်းမပေါ်မှာ တည်ရှိပြီး ချင်းလူမျိုးအများစု နေထိုင်ကြတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024