Home
မြန်မာသတင်း
တော်လှန်ရေးရဲဘော် ၂ ဦး၏ မင်္ဂလာဆောင်အထိမ်းအမှတ် လက်ဖွဲ့ကမ်ပိန်းပြုလုပ်
DVB
·
May 9, 2023
479836-COVID-19-Mandalay-2-730x365

ရခိုင်ပြည်နယ်အခြေစိုက် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်သင့်နွမ်းနဲ့ ရဲဘော်မယ်ရီဖေးတို့က သူတို့ရဲ့မင်္ဂလာဆောင်အထိမ်းအမှတ်အဖြစ် လက်ဖွဲ့ကမ်ပိန်းကို ပြုလုပ်နေပါတယ်။

PIA မှာ လိုအပ်နေတဲ့ စနိုက်ပါသေနတ် တလက်နဲ့ ဆေးဝါးပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကျင်းပခဲ့တဲ့ သူတို့ရဲ့ မင်္ဂလာဆောင်အထိမ်းအမှတ်အဖြစ် လက်ဖွဲ့ကမ်ပိန်းကို ပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

ရဲဘော်သင့်နွမ်းက “ကျနော်တို့ မင်္ဂလာပွဲလေးရဲ့ ပျော်ရွှင်မှု အမှတ်တရတစ်ခုအနေနဲ့ တော်လှန်ရေးအတွက် အကျိုးသက်ရောက်မှုရှိစေချင်တာပါ။ ကျနော်တို့ မင်္ဂလာစုံတွဲရဲ့ အမှတ်တရလေးလည်း ဖြစ်စေချင်လို့ရယ် ကျနော်တို့ မြန်မာနိုင်ငံမှာ မင်္ဂလာဆောင်‌ပြီဆိုရင် ‌မင်္ဂလာလက်ဖွဲ့ပေးကြတဲ့ ယဉ်ကျေးမှု ဓလေ့ရှိပါတယ်။ အဲ့တာကို အမှီပြုပြီးတော့ တပ်ဖွဲ့ရဲ့ လိုအပ်ချက် တော်လှန်ရေးရဲ့ လိုအပ်ချက်တွေကို ကျွန်တော်တို့ ရသလောက် ဖြည့်ဆည်းပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီ ကမ်ပိန်းကို ပြုလုပ်တာပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။

PIA တပ်တော်ရဲ့ စည်းရုံးရေးနဲ့ ဘဏ္ဍာငွေရှာဖွေရေးတာဝန်ယူထားတဲ့ အသက် ၂ဝ ကျော်အရွယ် ရဲဘော်သင့်နွမ်းဟာ စစ်အာဏာသိမ်းမှုမတိုင်က လူငယ်ရက်ပ်ပါတယောက်ဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက်မှာတော့ တော်လှန်ရေးအတွက် အဓိကထားပြီး တေးသီချင်းတွေကို ဖန်တီးနေသူပါ။ အသက် ၂ဝ ဝန်းကျင်အရွယ် ရဲဘော်မယ်ရီဖေးကတော့ PIA တပ်တော်မှာ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

မင်္ဂလာလက်ဖွဲ့ကမ်ပိန်းကို မေလ ၃ ရက်ကနေ ဇွန်လ ၃ ရက်အထိ တလတာပြုလုပ်သွားမှာဖြစ်ပြီး ကမ်ပိန်းမှာ ပါဝင်သူတွေအတွက် ပန်းချီကားငါးချပ်ကို ပြန်လည်မဲဖောက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကမ်ပိန်းအတွက် မဲအစောင်ရေစုစုပေါင်း ၂၅ဝဝ ရောင်းချသွားမှာဖြစ်ပြီး ပါဝင်လိုသူတွေအနေနဲ့ မဲတစောင်ကို မြန်မာငွေ တသောင်းကျပ်နှုန်းနဲ့ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ကို ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂရဲဘော်တွေ၊ CDM ဆရာဝန်တွေနဲ့ စတင်ခဲ့တဲ့ PIA တပ်အနေနဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူမှုဘဝ တရားမျှတရေးဆိုတဲ့ မူဝါဒငါးချက် ချမှတ်ထားတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024