Home
မြန်မာသတင်း
စစ်တပ်မီးရှို့သဖြင့် ထီးလင်းမြို့နယ် အကြည်ဘန်းရွာလုံးကျွတ်နီးပါးဆုံးရှုံး၊ ပြည်သူအချို့ ပိတ်မိ
DVB
·
May 6, 2023
344721951_263431316127606_868498397351517519_n

မကွေးတိုင်း ထီးလင်းမြို့နယ်၊ အကြည်ဘန်းရွာကို မေ ၆ ရက် မနက်မှာ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးကာ ပြည်သူတချို့ပိတ်မိပြီး ဖမ်းဆီးခံရတာတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်းရွာဘက်ကနေ အကြည်ဘန်းရွာကို ဒီနေ့ မနက် ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ထီးလင်းမြို့နယ် ဒေသခံ တဦ်က ပြောပါတယ်။

“အဲဒီရွာမှာ အိမ်ခြေ ၁၅၀ လောက်ရှိပြီး စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးလို့ ဘုန်းကြီး ကျောင်းအပါဝင် နေအိမ်အဆောက်ဦ ၃ လုံးလောက်ပဲ ကျန်တယ်လို့ သတင်းရတယ်။ ပြည်သူတွေ ပိတ်မိတာတွေလည်းများတယ်။ ဖမ်းဆီးခံရတာတွေလည်းရှိမယ်။”

အဲဒီကျေးရွာကို ပထမဆုံးအကြိမ် စစ်ကောင်စီ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး မေ ၄ ရက်က အောင်းကျေးရွာနားမှာ ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် တောင်လှန်ရေးတပ်ဖွဲ့တွေ အဲဒီရွာဘက်ကို ဆုတ်သွားတယ်လို့ထင်ပြီး မေ ၅ ရက် ည ၁၂ နာရီလောက်မှာ ညောင်ရွာကနေတဆင့် မေ ၆ ရက် မနက်မှာ အကြည်ဘန်းရွာဘက်ကို စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။

ရွာသားတဦးက “အကြည်ဘန်းရွာက သက်ကြီးပိုင်းအဘိုးအိုတယောက် သေဆုံးသွားလို့ အသုဘ ချနေတဲ့အချိန်မှာ စစ်ကြောင်းထိုးတာ။ အဲဒီ အသုဘတောင်သင်္ချိုင်းကို မပို့နိုင်ခဲ့ဘဲ ထွက်ပြေးခဲ့ ကြတာ။ ဘာပစ္စည်းမှ ယူချိန်မရလိုက်ဘဲ ထွက်ပြေးကြရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက အလယ်ဘန်းရွာကို ဝင်နေပြီလို့ သတင်းရပြီး အကြည်ဘန်းရွာနား မှာလည်း ကင်းပုန်းတွေ ချထားလို့ နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးသလို ဆက်သွယ်ရေး ဖုန်းလိုင်းတွေ ပြတ်တောက်နေလို့ ပျက်စီဆုံးရှုံးမှုနဲ့ ပြည်သူတွေ ဖမ်းဆီးခံရတဲ့ အခြေနေတွေကို အတိကျ အတည်မပြုနိုင်သေးဘူးလို့  ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013