Home
မြန်မာသတင်း
အညာက ကလေးများ ပညာရေးအတွက် အကူအညီ လိုအပ်နေ
DVB
·
April 30, 2023
344338529_533897638708524_5592454818268294926_n

အညာတခွင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့အတူ  မီးရှို့ ဖျက်ဆီးမှုတွေကြောင့် စာသင်ကျောင်းတွေ မီးလောင်ပျက်စီးခဲ့ရလို့ ကလေးတွေအားလုံး ပညာသင်ကြားခွင့်များ ဆုံးရှုံးလျက် ရှိတယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဧပြီ ၂၉ ရက်က ထုတ်ပြန် ပြောဆိုပါတယ်။

S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး တာဝန်ခံ ကိုစိုးမိုးအောင်က  "အညာဒေသ ပညာရေးအတွက် ကျနော်တို့ စာသင်ကျောင်းတွေ ဆောက်လုပ် လှူဒါန်းပေးနေ ပါတယ်။ စာသင်ခုံတွေလည်း လှူဒါန်းနိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိ စာသင်ခုံတွေ တန်ဖိုးက ၁ သိန်းလောက် ရှိနေတော့ ကြိုးစားနေရတုန်းပါပဲ။ အခုဟာက အကုန် အစကနေပြန် စနေရတာ ဆိုတော့ လိုအပ်ချက်တွေကတော့ အများကြီးပါပဲ" လို့ ပြောပါတယ်။

လတ်တလော ကလေးတွေဟာ စာသင်ကျောင်းလည်း မရှိ စာသင်ခုံလည်း မရှိတာကြောင့် သစ်ပင်အောက်က မြေကြီးပေါ်မှာပဲ စာသင်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့ဟာ အညာမြေမှ မီးရှို့ခံရတဲ့ ကျောင်းများကို ပြန်လည်တည်ဆောက်ပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ပေးခြင်း စတဲ့ လုပ်ငန်း တာ၀န်များကို ထမ်းဆောင်ခဲ့တာ အချိန်တခုထိ ရောက်ခဲ့ပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024