Home
မြန်မာသတင်း
လေးမျက်နှာမြို့တွင် အုပ်ချုပ်ရေးမှူးရုံးနှင့် နေအိမ် ၄ လုံး မီးလောင်
DVB
·
April 29, 2023
343341781_229988479618564_4144635751298571460_n

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ဧပြီ ၂၈ ရက်က အုပ်ချုပ်ရေးမှူးရုံးမီးလောင်မှုကနေ လူနေအိမ် ၄ လုံးပါ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခမောက်စုကျေးရွာအုပ်စုက စက်ပိုင်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ ဝါယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး လူနေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ဆိုပါတယ်။

ဒေသခံတဦးက “အုပ်ချုပ်ရေးမှူးရုံးကနေ စလောင်တာ အားလုံးဝိုင်းသတ်ပေမဲ့ မီးကများတော့ မနိုင်လို့ အိမ်တွေကို ဆက်ကူးတာ။ ရပ်ကွက်ထဲက အိမ်အားလုံးမကူးတာ ကံကောင်းတာလို့ ပြောရမယ်။ အားလုံးကတော့ ဝါယာရှော့ဖြစ်တယ်လို့ ပြောနေတယ် သေချာတော့ မသိရသေးဘူး”လို့  ပြောပါတယ်။

အုပ်ချုပ်ရေးမှူးရုံးကနေ စတင်လောင်ကျွမ်းတဲ့ မီးဟာ လောင်ကျွမ်းအားကောင်းတာကြောင့် မီးသတ်၊ လူမှုကူညီရေးအဖွဲ့နဲ့ ဒေသခံတွေပေါင်းပြီး မီးငြိမ်းသတ်ပေမယ့် လူနေအိမ် ၄ လုံးလောက် မီးလောင်ကျွမ်း ပြီးမှသာ မီးကိုထိန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အုပ်ချုပ်ရေးမှူးရုံးနဲ့ လူနေအိမ် ၄ လုံးပျက်စီးဆုံးရှုံးခဲ့ပေမယ့် လူသေဆုံး ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လေးမျက်နှာမြို့နယ်မှာ မီးလောင်ကျွမ်းမှုဟာ ဟင်္သာတခရိုင်အတွင်း တတိယအကြိမ်မီးလောင်ကျွမ်းမှုဖြစ်တယ်လို့ ခရိုင်မီးသတ်တပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024