ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို၊ ဆန်ဆိုင်းဝမ်မိုင်ရပ်ကွက်မှာ ဧပြီ ၂၉ ရက် မနက် ၉ နာရီ လောက်က တညလုံးပန်ကာဖွင့်အိပ်ခဲ့တဲ့ အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို ဒေသခံတွေက ပြောပါတယ်။
အတူနေမိသားစုဝင်တဦးက "မနက် ၉ နာရီလောက်က သတိလစ်ပြီး ခေါ်မရတော့ဘူး လူမှုကူညီရေး အသင်းကို အကြောင်းကြားပြီး ဆေးရုံပို့ဖို့ အကူညီတောင်းပေမဲ့ အသက်က မရှိတော့ဘူး" လို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၇ နှစ်အရွယ် ဦးထွန်းထွန်းဦး ဖြစ်ပြီး ရာသီဥတု ပူပြင်းလွန်းတာကြောင့် တညလုံး လျှပ်စစ်ပန်ကာဖွင့်ပြီး အိပ်ပျော်သွားတဲ့အတွက် ဦးနှောက် သွေးကြောပြတ်ပြီး သေဆုံးခဲ့ရတာလို့ ဆေးရုံရဲ့ စစ်ဆေးတွေ့ရှိချက်ကို ဦးလှမိုး လူမှုကူညီရေးအသင်း(တာချီလိတ်)က ပြောပါတယ်။
ရာသီဥတု ပူပြင်းတာကြောင့် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်နဲ့ ဆားဓာတ် ဆုံးရှုံးတာတွေကြောင့် သတိလစ်မူးလဲတာတွေ နေ့စဉ်နဲ့အမျှ နိုင်ငံတဝန်းဖြစ်ပေါ်နေသလို အသက် သေဆုံးတာတွေလည်း ဖြစ်ပေါ်နေပါတယ်။