Home
မြန်မာသတင်း
ပုဇွန်တောင်ဘူတာတွင် အိမ်ခြေမဲ့အမျိုးသား ၁ ဦး ထိုင်လျက် နှာခေါင်းသွေးထွက်သေဆုံး
DVB
·
April 24, 2023
342976195_611308497541414_4298979083521746009_n
342999031_266626399134463_4340922251553446244_n

ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ ပုဇွန်တောင်ဘူတာ၊ လက်‌မှတ်ရောင်းဌာန လူကူးခုံးတံတားအောက် ပလက်ဖောင်းပေါ်မှာ ဧပြီ ၂၄ ရက် မနက်ပိုင်းက အိမ်ခြေမဲ့တဦး ထိုင်လျက်ပုံစံနဲ့ နှာ‌ခေါင်းသွေးထွက် သေဆုံးနေတယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

မနက်ပိုင်းမှာ ရထားစီးခရီးသည်တွေက တွေ့ရှိခဲ့ပြီး ရထားရုံပိုင်ကတဆင့် ကယ်ဆယ်ရေးအသင်းတွေကို ဆက်သွယ်အကြောင်းကြားခဲ့တာကြောင့် မနက် ၈ နာရီလောက်မှာ ကယ်ဆယ်စစ်ဆေးခဲ့ပေမဲ့ သေဆုံးလျက် တွေ့ရှိခဲ့တာပါ။

“ပုဇွန်တောင်ဘူတာ တံတားအောက်မှာ အမျိုးသားတဦး ငုတ်တုပ်ထိုင်လျက်သေနေတာ၊ နှာခေါင်းသွေးတွေတော့ ကျနေတာ၊ ပြင်ပဒဏ်ရာတော့ မရှိပါဘူး။ DB ကောက်တဲ့အချိန်မှာ သူ့ကိုသိတဲ့လူ မရှိဘူး၊ နာမည်လည်း မသိရဘူး” လို့ ကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၀ အရွယ် အမျိုးသားတဦး ဖြစ်တယ်လို့ သိရပြီး ရုပ်အလောင်းကို PR 060 နဲ့ ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ၉ လမ်း တံတားအရှေ့ဘက် ချောင်းဘေးမှာ အိမ်ခြေမဲ့အမျိုးသားတဦး သေဆုံးခဲ့ပါသေးတယ်။

ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ ပုဇွန်တောင်မြို့နယ်တို့မှာ ၂၀၂၃ မတ်လနဲ့ ဧပြီ ၂၄ ရက်အတွင်း အသင်းကယ်ဆယ်မှု မှတ်တမ်းအရ အိမ်ခြေမဲ့သေဆုံးမှု ၈ ဦးထက်မနည်း ရှိနေပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024