Home
မြန်မာသတင်း
မိုင်းဖုန်းဆရာတော် ‘ဝ’ နှင့် ကိုးကန့်ဒေသသို့ ကြွရောက် တရားဟော
DVB
·
April 22, 2023
342997369_951087885920420_7659003893479075850_n

‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၊ မန်ကောင်းရပ်ကွက်ရှိ သာသနာ့‌ရောင်ခြည် ကျောင်းတိုက်မှာ ဧပြီ ၂၂ ရက် မနက်က မိုင်းဖုန်းဆရာတော် အရှင်ဘဒ္ဒန္တဉာဏသံဝရ ကြွ‌ရောက်ပြီး တရားဟောကြားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့နေ့လယ်ပိုင်းအချိန် မိုင်းဖုန်းဆရာတော် ကြွလာမယ်ဆိုတဲ့ သတင်းကြောင့် ဟိုပန်မြို့နေ ‌ဗုဒ္ဓဘာသာကိုးကွယ်သူ ဒေသခံတွေဟာ မနက်ပိုင်းကတည်းက သာသနာ့ရောင်ခြည် ကျောင်းတိုက်ကိုသွားပြီး အဆင်သင့်ပြင်ဆင်ကာ စောင့်နေကြ‌တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

မိုင်းဖုန်းဆရာတော်ဟာ ဧပြီ ၂၁ ရက် ညမှာလည်း ကိုးကန့်ဒေသ လောက်ကိုင်မြို့ရှိ ဟိန်းလီ ကုမ္ပဏီအုပ်စု(Hanley Group)ရဲ့ ကြယ်စင်ကွင်းပြင်မှာလည်း ထောင်ချီရှိတဲ့ တရားနာပရိတ် သတ်‌တွေကို တရားဟောပြီးနောက် ဟိုပန်မြို့ကိုရောက်ရှိလာတာဖြစ်ပါတယ်။

မိုင်းဖုန်းဆရာတော်ဟာ ရှမ်းဘာသာနဲ့သာ အဓိက တရားဟောကြားပြီး လာရောက် တရားနာသူတွေဟာ ရှမ်းလူမျိုးအပြင် ဗမာ၊ ရခိုင်နဲ့ "ဝ"တွေလည်း ပါဝင်ကြပြီး ဟိုပန်မြို့အပြင် အနီးရှိရွာတွေကလည်း အလုပ်‌တွေကို နားကြပြီး လာရောက်တရားနာကြပါတယ်။

ဟိုပန်မြို့ သာသနာ့ရောင်ခြည်ကျောင်းတိုက်မှာ လာရောက် တရားနာသူတွေ ထောင်နဲ့ချီရှိနေပြီး ဒေသခံတွေဟာ မိုင်းဖုန်းဆရာတော်ကို အလွန်ကြည်ညိုကိုးကွယ်ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013