Home
သတင်းဓာတ်ပုံ
မိုင်းဖုန်းဆရာတော် RCSS/SSA ဌာနချုပ်သို့ ကြွရောက်ပြီး ငြိမ်းချမ်းရေးတရားဟော (ဓာတ်ပုံ)
DVB
·
March 15, 2023
Maing Bhone Sayadaw
Maing Bhone Sayadaw 1
Maing Bhone Sayadaw ၂
Maing Bhone Sayadaw ၃
Maing Bhone Sayadaw ၄
Maing Bhone Sayadaw ၅
Maing Bhone Sayadaw ၆
Maing Bhone Sayadaw ၇
Maing Bhone Sayadaw ၈

မိုင်းဖုန်းဆရာတော်ဟာ  ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် ( RCSS/SSA)  ဌာနချုပ် လွိုင်တိုင်းလျန်းကို မတ်လ ၁၄ ရက်နေ့မှာ  ကြွရောက်ခဲ့ပြီး စည်းလုံးညီညွတ်မှုရှိဖို့  ငြိမ်းချမ်းရေးတရား ဟောကြားခဲ့ပါတယ်။ 

မိုင်းဖုန်းဆရာတော်ကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ အရာရှိနဲ့ စစ်သည်တွေ တပ်မိသားစုဝင်တွေနဲ့ နယ်စပ်စစ်ဘေးရှောင်ပြည်သူတွေက သွားရောက် ကြိုဆိုဖူးမြော်ခဲ့ပါတယ်။

ဆရာတော်ဟာ မနေ့က လွိုင်တိုင်းလျန်း ဝပ်လျန်းဟန်ကျောင်းတိုက်မှာ ၁ ကြိမ် ၊ ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာလည်း စင်ထိုးထားတဲ့ကွင်းပြင်ကျယ်မှာ ၁ ကြိမ် တရားဟောကြားခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ အချင်းချင်းမညီညွတ်မှုတွေကြောင့် ပဋိပက္ခတွေ ဖြစ်နေကြောင်း၊  ဒါကြောင့် ရှမ်း ၊ ပအိုဝ်း၊ ဝ၊ ပလောင်၊ လားဟူ၊ လီစူးအစရှိတဲ့ တိုင်းရင်းသားချင်းချင်းတွေကြားထဲမှာလည်း  တဦးကိုတဦး မေတ္တာတရားနဲ့  သင့်မြတ်စွာ ဆက်ဆံကြဖို့ ၊ ရှမ်းအဖွဲ့အစည်းတွေကြားထဲမှာလည်း သူ့အဖွဲ့ ကိုယ့်အဖွဲ့ မခွဲခြားဘဲ စည်းလုံးညီညွတ်မှုရှိဖို့ ဆရာတော်က ဟောကြားသွားပါတယ်။ 

မိုင်းဖုန်းဆရာတော်ဟာ ဒီမတိုင်ခင်ကလည်း ပအိုဝ်းဌာနေပြည်သူ့စစ်အဖွဲ့PNO ရဲ့နာယက ဦးအောင်ခမ်းထီထံကြွရောက်ပြီး ပအိုဝ်းစစ်သည်နဲ့ ပြည်သူတွေကိုလည်း တရား ဟောခဲ့ပါတယ်။ 

ဒါ့အပြင် ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ရှိ UWSA တောင်ပိုင်းအဖွဲ့ ထိန်းချုပ်နယ်မြေ ဟွေ့အော့ကျေးရွာနဲ့ NDAA မိုင်းလား လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေ လွိုင်ပါခါး ၊ မွန့်ဇန် နဲ့ မွန့်ပန်နောင်တောင်ပေါ်ကိုလည်း ကြွချီပြီး ငြိမ်းချမ်းရေးစေတီ ထီးတော်တွေ တင်ပေးခဲ့ပါတယ်။ 

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်ထဲမှာ ၃ နှစ် ၃ လ ၃ ရက်တိုင် ဂူအောင်းတရားအားထုတ်ခဲ့တဲ့ မိုင်းဖုန်းဆရာတော်ကြီး အရှင်ဉာဏသံဝရဟာ ဂူထဲက ထွက်လာပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ ကျန်းမာရေးသွားကုသပြီး နယ်လှည့်သာသနာပြုလုပ်ငန်း တွေ ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013