Home
မြန်မာသတင်း
သပိတ်ကျင်းမြို့နယ်၌ စစ်ရှောင်ပြည်သူ ၄,၀၀၀ ကျော် သောက်သုံးရေ အခက်အခဲ ဖြစ်နေ
DVB
·
April 19, 2023
Tha Paik Kyinn IDP

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်းက စစ်ရှောင်ပြည်သူ ၄,၀၀၀ ကျော် သောက်သုံးရေမရရှိတာကြောင့် တကိုယ်ရေသန့်ရှင်းရေးနဲ့ ချက်ပြုတ်စားသောက်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

စစ်ရှောင်တဦးက “ခုက သောက်ဖို့ရေတောင် မရှိဘူး၊ ရေလည်းမချိုးရဘူး။ နွေရာသီ အရမ်းပူတော့ အပင်အောက် ထိုင်နေရတာပဲ။ ရေချိုးရဖို့ ထပ်သောက်ဖို့တောင် အနိုင်နိုင်” လို့ ပြောပါတယ်။

ဥသျှစ်ကုန်း၊ မိုင်းဒိုင်း၊ ပေကုန်း၊ ရင်ခွင်၊ ညောင်ကုန်း၊ ကျောက်အိုက်၊ ဆူးတော၊ ရင်ခွင်၊ ၃ မိုင်၊ ၄ မိုင်၊ ဆူးတော၊ ဖိုးရ၊ မြနန္ဒာ၊ ပေါ်တော်မူ၊ ဆင်ညှပ်ကုန်း စတဲ့ကျေးရွာတွေက ပြည်သူ ၄,၀၀၀ ကျော် ဧပြီ ၁၅ ရက်ကတည်းက နေရပ်စွန့်ခွာ စစ်ရှောင်လာရတာလို့ ပြောပါတယ်။

အခုလက်ရှိအချိန်မှာ သောက်သုံးရေကို အနီးနား ချောင်းနဲ့ ရေစိမ့်ထွက်တဲ့ နေရာတွေကနေသာ ရရှိနေတာကြောင့် သောက်သုံးရေအခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

ချောင်းရေတွေကို သောက်သုံးနေရတာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးတွေမှာ ဝမ်းရောဂါ ခံစားနေရပြီး ရေရှည်မှာ ပိုဆိုးလာနိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ဧပြီ ၁၅ ရက်​နေ့မှာ သပိတ်ကျင်းနယ်ထဲကို လေကြောင်းအသုံးပြုပြီး ၅ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်နေအိမ်တလုံး ပျက်စီးခဲ့ကာ နွားသုံးကောင် သေဆုံးခဲ့တယ်လို့ တကောင်းပကဖက ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ရှောင်ပြည်သူ ၄,၀၀၀ ကျော်အတွက် သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024