Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်၌ လေပြင်းတိုက် စစ်ဘေးရှောင်တဲများအပါအဝင် နေအိမ် ၃၇ လုံးပျက်စီး
DVB
·
April 19, 2023
341900921_970231147467021_493687096780697587_n
342198626_1718929891855167_4548927053949789569_n
342196457_1336430083591728_4683215493749736780_n
342205412_1434807830597119_4319061197826678916_n
341522234_3081322062168806_2727502742403853161_n

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်ထဲမှာ ဧပြီ ၁၈ ရက်မနက်က မိုးသက်လေပြင်းကျရောက်ပြီး စစ်ဘေးရှောင်တွေအတွက်ဆောက်လုပ်ထားတဲ့ ယာယီတဲတွေ အပါအဝင် နေအိမ်ပေါင်း ၃၇ လုံးပျက်စီးသွားပါတယ်။

ဆီဆိုင်မြို့တောင်ဘက် ၁၀ မိုင်ကျော်အကွာရှိ နောင်ကျောကျေးရွာအုပ်စု  ကယန်းလေးနဲ့ ပန်တိုင်းကျေးရွာဘက်မှာ လေပြင်းတိုက်ခဲ့ကြောင်း၊ မိုးရောလေပါ အချိန်ခဏလောက်ပဲ တိုက်ခတ်သွားပေမယ့် ရွာထဲကလူနေအိမ်ခြေ ၂၀ လုံး အိမ်ခေါင်မိုးတွေ လွင့်သွားတဲ့အပြင်   စစ်ဘေးရှောင်တွေနေထိုင်တဲ့ တဲတန်းလျား ၁၇ လုံးက အမိုးအကာတွေပါ လန်ထွက်ပြီး လေနဲ့ပါသွားတယ်လို့  စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ခွန်ကျော်ဆွေက ဒီဗွီဘီကို ပြောပါတယ်။ 

“မိုးရော လေရော တခါတည်းအတူကျလာတယ်။ နာရီဝက်တောင် မကြာဘူး။ ဒါပေမဲ့ နေအိမ်က ခေါင်မိုးတွေလန်ထွက်ကုန်တယ်။ ရွာထဲက နေရာလွတ်တွေမှာ စစ်ဘေးရှောင်တွေနေဖို့ ဆောက်ပေးထားတဲ့ ယာယီတဲတွေ ပျက်စီးတယ်။ အဲဒီတဲတွေက သေချာသံနဲ့ ရိုက်ထားတာမဟုတ်ဘဲ နန်းကြိုးနဲ့ဘဲချည်ရတော့ ပျက်စီးလွယ်တာပေါ့။ အမိုးရော အကာရော ပျက်စီးကုန်တယ်။”

အဆိုပါ ရွာ ၂ ရွာမှာ ကယားပြည်နယ်ဘက်က ထွက်ပြေးလာတဲ့ စစ်ရှောင်အများစုနဲ့ ပခုက္ကူ၊ ရွှေတောင် စတဲ့ဒေသက စစ်ဘေးရှောင်တွေလည်း ခိုလှုံနေကြတာဖြစ်ပါတယ်။

စစ်ဘေးရှောင် စုစုပေါင်း ၁၀၀၀ လောက်ရှိပြီးနဂိုကမှ စားဝတ်နေရေး အခက်အခဲဖြစ်နေရတဲ့အထဲ လေပြင်းက ထပ်မိပြန်လို့  နေရာထိုင်ခင်းတွေ ပြန်ပြီးပြင်ဆင်ပေးဖို့ အမိုးအကာတွေ၊ သွပ်တွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့  ဆိုပါတယ်။

လေပြင်းတိုက်လို့ ကယန်းလေးကျေးရွာမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတကျောင်း၊ ကက်သလစ်ခရစ်ယာန် ဘုရားရှိခိုးကျောင်းတကျောင်းနဲ့  လူနေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးသွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၉၀၀၀၀၀ လောက်ရှိတယ်လို့ ဆီဆိုင်ပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။ လေဘေးသင့်ပြည်သူတွေကို ဆီဆိုင် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ဖုံးနံပါတ် ၀၉ ၇၈၆၁၅၅၉၉၈ မှတဆင့် ဆက်သွယ်ကူညီနိုင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024