Home
မြန်မာသတင်း
ထိုင်းတွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် ကူးစက်ခံရသည့် မြန်မာအမျိုးသား ၁ ဦး သေဆုံး
DVB
·
April 19, 2023
341884593_782525746568474_4351745348757018262_n

ထိုင်းနိုင်ငံမှာ XBB.1.16 လို့အမည်ရတဲ့ ကိုဗစ်-၁၉ ရောဂါမျိုးကွဲအသစ် ထွက်ပေါ်လာပြီး အဆိုပါမျိုးကွဲသစ်က ကာကွယ်ဆေးမတိုးဘူးလို့ ထိုင်းနိုင်ငံအခြေစိုက် Chiang Mai News သတင်းဌာနက ဖော်ပြထားပါတယ်။

XBB.1.16 ရောဂါမျိုးကွဲက လျင်မြန်ကူးစက်လွယ်ပြီး ဧပြီ ၁၈ ရက်နေ့အထိ ကူးစက်ခံရသူပေါင်း ၂၈ ဦးရှိလာကာ ရောဂါကူးစက်ခံထားရသူတွေထဲက မြန်မာရွှေ့ပြောင်းလုပ်သားတဦးဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ နေအိမ်မှာ သေဆုံးခဲ့ပါတယ်။

ဘန်ကောက်မြို့ ချန်လမ်းမှာရှိတဲ့ တိုက်ခန်းတခုမှာ အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသားကို သေဆုံးလျက် တွေ့ခဲ့ရတာဖြစ်ပြီး ATK စစ်ဆေးကြည့်ခဲ့ရာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရတယ်လို့ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ ကိုဗစ်ကန့်သတ်ချက်တွေကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ဖြေလျှော့ပေးခဲ့ပြီး အခုလို လျင်မြန်ကူးစက်လွယ်တဲ့ XBB.1.16 မျိုးကွဲသစ်ကို ထိုင်းအစိုးရက ဘယ်လိုကန့်သတ်ချက်တွေနဲ့ ထိန်းချုပ်သွားမလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

Source - Chaing Mai News/The Nation Thailand

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024