Home
မြန်မာသတင်း
ပုလောမြို့နယ်တွင် လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး
DVB
·
April 18, 2023
341773176_1286354301957371_1212455876375377570_n

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ သင်္ကြန်လည်ဖို့ အကြောင်းပြချက်နဲ့ ထွက်လာတဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီက ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဧပြီ ၁၅ ရက် မနက် ၉ နာရီကျော်လောက်က ပုလောမြို့ကနေ ပလမြို့ မီးလောင် ချောင်းကျေးရွာဘက်ကို သင်္ကြန်လည်ဖို့ ထွက်ခွာလာတယ်ဆိုတဲ့ လူငယ် ၂ ဦးကို တန်းရှင်းကျေးရွာ အုပ်ချုပ်ရေးမှူးလမ်းမှာ ကင်းပုန်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေက ‌ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ တဦးက "အပစ်ခံရတဲ့ နှစ်ယောက်က သမီးရည်းစားတွေတဲ့၊ မီးလောင်ချောင်းရွာမှာ သင်္ကြန်ကျဖို့ဆိုပြီးသွားကြတာ။ တန်းရှင်းပလအုပ်ချုပ်ရေးမှူးလမ်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက ပစ်တာတဲ့။ ကောင်မလေးက ထိသွားတယ်။ သေလား ရှင်လားတော့ မသိသေးဘူး။ ဖမ်းခေါ်သွားတယ်"လို့ ပြောပါတယ်။

အပစ်ခတ်ခံရတဲ့ ၂ ဦးထဲက အမျိုးသမီး ၁ ဦးမှာ ဦးခေါင်း ကျည် ရှပ်ထိမှန်ခဲ့တယ်လို့ သိရပြီးအ ဆိုပါ လူငယ် ၂ ဦး စလုံးကို စစ်ကောင်စီတပ်က‌ မကျည်းကုန်းကျေးရွာကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်‌အုပ်ချုပ်ရေး ကြေညာထားတဲ့ ပုလောမြို့နယ်ထဲက စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ နယ်မြေတချို့မှာ သင်္ကြန်လာရောက် ရေကစားတဲ့သူတွေအနည်းငယ်သာရှိပြီး ပုလောမြို့ပေါ်မှာ‌ တော့ အခုနှစ် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ထားတာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024