Home
မြန်မာသတင်း
မတ္တရာမြို့နယ်၊ ကင်းရွာကို စစ်တပ်က မီးရှို့
DVB
·
April 12, 2023
340861150_967393247772176_8349894201863920614_n

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ကင်းကျေးရွာကို ဧပြီ ၁၁ ရက် မနက်ပိုင်း ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က  မီးရှို့ခဲ့တယ်လို့ မတ္တရာဒေသခံတွေထံက သိရပါတယ်။

မနေ့ မနက်အစောပိုင်း ၆ နာရီ ၄၀ မိနစ်လောက်မှာ  အုန်းလွတ်ကျေးရွာကနေ လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့‌တာကြောင့် စစ်ကောင်စီတပ်တွေက ကင်းရွာကို ဝင်ရောက် မီးရှို့ခဲ့တာလို့ သိရပါတယ်။ 

မီးရှို့ခဲ့ပြီးနောက် စစ်ကောင်စီတပ်က  အဆိုပါကျေးရွာမှာဆက်လက် စခန်းချနေတာကြောင့် နေအိမ် ဘယ်လောက်ထိ မီးရှို့ခံခဲ့ရတယ်ဆိုတာ မသိသေးဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။

"စစ်ဘေးရှောင်တွေလည်း ကျနော်တို့ ကူညီနေရတာ၊ ၁၂၀လောက်ရှိတယ်၊ စစ်ဘေးရှောင်တွေ၊ ကျနော်တို့ စားနပ်ရိက္ခာ ဘာညာအဲ့လိုလေးတွေ၊ စခန်းတော့ဖွင့်မထားဘူးပေါ့၊ သူတို့ ရှိတဲ့နေရာကို သွားပြီးတော့ ကျွေးမွေးတဲ့ ကိစ္စတွေလုပ်နေရတာ။”

စစ်ကောင်စီတပ်တွေဟာ မတ္တရာနယ်အတွင်းက အုန်းလွတ်နဲ့ ကျောက်ဆည်လေးရွာမှာ တပ်စွဲထားသလို   ကင်းကျေးရွာကိုလည်း မကြာခန ဝင်ရောက်မီးရှို့နေတာဖြစ်ပြီး ဒီလို မီးရှို့ခံရတာကြောင့် ကင်းရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

စစ်အုပ်စုဟာ ဒီရက်ပိုင်းမှာ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက်မှာလည်း MI 35 တိုက်လေယာဉ်တွေနဲ့ လိုက်လံ ပစ်ခတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024