Home
ရုပ်သံ
MBT က တော်လှန်သင်္ကြန်သံချပ်ဖြင့် စစ်ကောင်စီမဏ္ဍပ်များကို မသွားကြရန် သတိပေး (ရုပ်သံ)
DVB
·
April 11, 2023
340743350_2299142073601116_1785529887825706254_n

မြင်းခြံကျားနက်တပ်ဖွဲ့ MBT က တော်လှန်သင်္ကြန် သံချပ်တပုဒ်ဖန်တီးကာ စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်တွေကို မသွားရောက်ကြဖို့ သတိပေးလိုက်ပါတယ်။

“အဓိကတော့ ကျနော်တို့လူငယ်တွေရဲ့ ခံစားချက်နဲ့ ဖွဲ့ထားတာပေါ့နော် အဲဒီသံချပ်လေးက။ ကျနော်တို့မှာ မောင်းပြန်သေနတ် အလုံအလောက်မရှိဘူး။ လက်နက်အင်အားမပြည့်စုံဘူး။ ဒါပေမယ့်(...) စစ်ကြောင်းလာတိုင်း ကျနော်တို့ တခါမှ ထွက်မပြေးခဲ့ဘဲ မားမားမတ်မတ်ရပ်တည်ခဲ့တယ်” လို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

သင်္ကြန်အချိန်ကာလမှာလည်း ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက် အူမကြီးခွဲထားတာကြောင့် အောက်ပိုင်းသေသလိုဖြစ်နေပြီး လမ်းမလျှောက်နိုင်သေးတဲ့ ခံစားချက်လေး နည်းနည်း ထည့်ရေးထားတယ်လို့ ဆိုပါတယ်။

“MOD ကိုလည်း ကျနော်တို့ ပြောချင်တာ လက်ရှိမြေပြင်မှာ တိုက်နေရပေမယ့် MOD အနေနဲ့ ကျနော်တို့ကို ဘာမှထောက်ပံမှုမပေးခဲ့ဘူး၊ ဘာမှ လှည့်ကြည့်တာမျိုးမရှိခဲ့ဘူး။ အဲဒါကြောင့်မို့ MOD ကိုလည်း ကျနော်တို့ စကားလေးတခွန်းထည့်ရေးထားပြီး ခံစားချက်တွေကို ပြည်သူကို ချပြချင်တဲ့သဘောနဲ့ ဖန်တီးခဲ့တာ” လို့ ဗိုလ်မိုက်ခဲကပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း တော်လှန်သင်္ကြန်ဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ မဏ္ဍပ်တွေမှာ မပျော်ဖို့၊ မကဖို့ သတိပေးချင်တာကို လိုက်နာစေချင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရဲ့ လှုပ်ရှားနယ်မြေတွေမှာ သင်္ကြန်မဏ္ဍပ်တွေကို အတတ်နိုင်ဆုံး တားဆီးနိုင်ဖို့ လုပ်ဆောင်နေပြီး ကျနော်တို့ လုပ်လိုက်တဲ့အချိန်မှာ ပြည်သူတဦးတယောက်ကိုမှ ထိခိုက်တာမျိုး မလိုချင်တာကြောင့် စစ်ကောင်စီရဲ့ အတုအယောင် သင်္ကြန်ကို မပျော်ပါးဖို့ မသွားလာဖို့ ပြည်သူတွေကို မေတ္တာရပ်ခံပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024