Home
မြန်မာသတင်း
သာကေတတွင် YBS ဘတ်စ်ကားနှင့် တွဲကားတိုက်မိ၊ လူ ၁၀ ဦး ဒဏ်ရာရ
DVB
·
April 9, 2023
340497676_1871447166558574_3684982469775880852_n

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရတနာလမ်းမကြီးနဲ့ လယ်ယာ ၂ လမ်းထောင့်၊ တိုင်းရင်းသားမှတ်တိုင်နားမှာ ဧပြီ ၉ ရက် ဒီမနက်အစောပိုင်းက YBS ကားတစီးက ရပ်ထားတဲ့ တွဲကားကို ဝင်တိုက်မိတာကြောင့် လူ ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အသင်းတခုက ပြောပါတယ်။ 

YBS 4 ဟာ ယုဇနဥယျာဉ်ကနေ ဆူးလေအထိ  သာကေတမြို့နယ် ရတနာလမ်းကို ဖြတ်သန်း ပြေးဆွဲတဲ့ ယာဉ်လိုင်းဖြစ်ပြီး မနက် ၅ နာရီခန့်မှာ လမ်းဘေးရပ်ထားတဲ့ တွဲကားကို အနောက် ကနေ ဝင်တိုက်မိတာပါ။ 

မြို့ခံလူမှုကယ်ဆယ်ရေးအသင်းဝင်တဦးက  "အခင်းဖြစ်ပြီးလို့ ၁၀ မိနစ်လောက်မှာ အရေးပေါ် ဖုန်းဝင်လာပါတယ်။ လူနာ ၁၀ ဦး ကားသုံးစီးနဲ့ ဆေးရုံပို့ရတယ်။ လက်ကျိုး ဒဏ်ရာနဲ့ ထိပ်ပေါက်ခေါင်းကွဲ ဒဏ်ရာတွေပါပဲ။ YBS က ဝင်တိုက်မိတာပါ။ လယ်ယာ ၂ လမ်းထိပ်မှာပါ" လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ခရီးသည် အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၇ ယောက်မှာ လက်ကျိုးဒဏ်ရာ၊ ခေါင်းကွဲထိပ်ပေါက်ဖူးယောင်ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် YBS 4 ရဲ့ ညာဘက်ခေါင်းပိုင်း၊ ရှေ့ဘီး‌နေရာတွေ ပျက်စီးသွားပါတယ်။

YBS ယာဉ်မောင်းကိုတော့ သာကေတမြို့နယ်ရဲစခန်းမှာ စစ်ဆေးနေပြီး ခရီးသည် လူနာ ၁၀ ယောက်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသပေးပေမဲ့ ယာဉ်လိုင်းဘက်က ဘယ်လို တာဝန်ယူပေးမယ်ဆိုတာတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024