အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်မှာ လူ အသေအပျောက် များတဲ့ လမ်းမတော်တဆမှု တခု ဖြစ်ပွားခဲ့တာကြောင့် စက်တင်ဘာ ၆ ရက်မှာ ကလေး ၄ ဦး အပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးသွားပါတယ်။
အဲဒီဖြစ်ရပ်မှာ တခြားလူ အများအပြားလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေဟာ မူခွန်ဒ်ခယ်ရာ ကျေးရွာကနေ မီနီထရပ်ကားနဲ့ ပြန်လာချိန်မှာ ဘတ်စ်ကား တစီးက သူတို့ကားကို ဝင်တိုက်မိခဲ့ပြီးတော့ နောက်ထပ် ထရပ်ကား တစီးကိုလည်း ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး၊ အများအားဖြင့် ယာဉ်စည်းကမ်းတွေကို ဂရုမစိုက်ကြခြင်းနဲ့ နေရာအများအပြားမှာလည်း စံချိန်နိမ့် လမ်းအခြေအနေ တွေကြောင့် မတော်တဆမှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာလို့ ဆိုပါတယ်။
Source-Reuters