Home
မြန်မာသတင်း
ခရမ်းမြို့နယ်တွင် စစ်တပ်စစ်ဆေးရေးဂိတ် ၂ ခု တိုက်ခိုက်ခံရ
DVB
·
April 4, 2023
339572669_269541058736283_7549997172357713668_n

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှာ ဧပြီ ၃ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ် နှစ်ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲပါတယ်။

ကရင်ကန်စစ်ဆေးရေးဂိတ်နဲ့ သစ်တောစစ်ဆေးရေးဂိတ်တို့ကို ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan) က ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခရမ်း PDF နဲ့ နီးစပ်သူတဦးက “ညနေ ၃ နာရီကျော်လောက်က ကရင်ကန် စစ်ဆေးရေးဂိတ်နဲ့ သစ်တောစစ်ဆေးရေးဂိတ် ၄၀ မမ ဗုံးသီးနဲ့ အပစ်ခံရတယ်။ ဗုံးသီးနှစ်လုံးစီနဲ့ ပစ်တာ။ စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိတယ်။ ဘယ်နှစ်ယောက် ကျတယ် ဆိုတာကတော့ တိတိကျကျ မသိရသေးဘူး” လို့ ပြောပါတယ်။

ကရင်ကန် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းကို စက်သေနတ်ပစ်ကူပြီးမှ ပြန်လည်ကောက်ယူသွားနိုင်ပြီး ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက် ကတော့ အထိအခိုက် အကျအဆုံး မရှိခဲ့ပါဘူး။

အဆိုပါပစ်ခတ်မှုမှာ ကရင်ကန် စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်နဲ့ ၁ ဦး မစိုးရိမ်ရဒဏ်ရာတွေရှိခဲ့ကာ သစ်တောစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုမှာတော့ သေဆုံးသူမရှိဘဲ ထိခိုက်ဒဏ်ရာရသူ ၁ ဦးရှိခဲ့ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုလိုပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024