Home
မြန်မာသတင်း
မန္တလေးတွင် အွန်လိုင်းငွေလွှဲလုပ်သူက ငွေလာလွှဲသည့်အမျိုးသမီးကို သတ်ပြီး ငွေနှင့်ဆိုင်ကယ် ယူထွက်ပြေး
DVB
·
April 3, 2023
338989507_544688771118406_9176856583612833742_n

မန္တလေး၊ အောင်မြင်သာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ ၁၈ လမ်းနဲ့ ၁၉ လမ်းကြား၊ ၈၀×၈၁ လမ်းကြားရှိ အမှတ် ၁၄၆ နေအိမ်မှာ ဧပြီ ၂ ရက် မွန်းလွဲ ၁ နာရီလောက်က လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ‌ရပ်ကွက်နေသူတွေက ပြောပါတယ်။

မေဃဂီရိရပ်ကွက်ရှိ ဒေါ်သူဇာလှိုင်ရဲ့နေအိမ်မှာ ထိုင်တဲ့  အွန်လိုင်း ငွေလွှဲလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသားတယောက်က ငွေလာလွှဲတဲ့ အမျိုးသမီးကို သတ်ဖြတ်ကာ  ငွေတွေယူနဲ့ ဆိုင်ကယ်ကိုယူပြီး ထွက်ပြေးသွားတာလို့  ဒေသခံတယောက်က ပြောပါတယ်။

“အမျိုးသမီးတဦးက ငွေလွှဲဖို့ ဆိုင်ကယ်နဲ့ရောက်လာတယ်။ ငွေလွှဲဖို့လုပ်နေချိန်မှာပဲ ကြိုးနဲ့တုပ်ပြီး သတ်ပစ်လိုက်တာပဲ။ ပြီးတော့ ကောင်မလေးရဲ့ ဆိုင်ကယ်နဲ့ပဲ ငွေယူပြီး ထွက်ပြေးသွားတယ်။ ငွေကတော့ သိန်း ၂၀၀ ကျော်တယ်။”

လူသတ်သမားဟာ ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းရပ်ကလာတဲ့ အောင်နိုင်ဝေဖြစ်ပြီး  အသတ်ခံရသူမှာ အောင်မြေသာစံမြို့နယ်၊ ဥပုတ်တောင်ရပ်ကွက်နေ မေသဇင်ဦး ဖြစ်တယ်လို့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အမျိုးသမီးကို ကြိုးနဲ့တုပ်ထားပြီး လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝဲဘက်ပါးစောင် ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေပြီး အလောင်းကို‌တော့ နီးစပ်ရာဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းက ပြောပါတယ်။

လူသတ်တရားခံ အောင်နိုင်ဝေကို ရဲစခန်းမှာ အမှုဖွင့်ထားပြီး အမြန်ဆုံးဖမ်းဆီးရမိရေး သက်ဆိုင်ရာ ရဲစခန်းက ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024