မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်နဲ့ ဆယ်မိုင်အကွာ သံလွင်မြစ်အတွင်း အမည်မပါရှိတဲ့ မသင်္ကာစရာ အရှည် ၅၅ ပေရှိ စက်လှေတစ်စီးကို ဧပြီ ၂ ရက် မနက် ၁ နာရီကျော်က စစ်ကောင်စီရေတပ်က ရှာဖွေတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံမီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါစက်လှေအား တက်ရောက်စစ်ဆေးရာ စက်လှေဝမ်းဗိုက်ထဲမှာ အထောက်အထားမဲ့ မွတ်စလင် ကျား ၁၀၂ ဦး၊ မ ၂၀ ဦး၊ ကလေး ကျား ၁ ဦး၊ မ ၅ ဦး၊ ပေါင်း ၁၂၈ ဦးကို သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီသြဇာခံမီဒီယာတွေ ကနေ သိရပါတယ်။
ဖမ်းဆီးရမိသူတွေကို မော်လမြိုင်မြို့ကို ပို့ဆောင် စစ်ဆေးနေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာအုပ်စု၊ ခလောက်ချ၊ ဝင်းစန်ကျေးရွာ ဆိပ်ကမ်းတွေမှာ မတ် ၂၄ ရက် ညနဲ့ နေ့လယ်ပိုင်းက ရိုဟင်ဂျာ ၁၅၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး သံဖြူဇရပ်မြို့အားကစားကွင်းမှာ ကျား၊ မ ခွဲခြားထိန်းသိမ်းထားတယ်လို့ သိရပါတယ်။