ထိုင်းနိုင်ငံ၊ ချူဖွန်ခရိုင်မှာ တရားမဝင် မြန်မာ ရွှေ့ပြောင်းလုပ်သား အယောက် ၂၀ ကျော်ကို မတ် ၃၀ ရက် ည ၁၀ နာရီခွဲတွင် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ အမှတ် ၂၅ ထိုင်း ခြေလျင်တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၈ ယောက် ပါဝင်ပြီး လိုက်ပါပို့ဆောင်ပေးတဲ့ ထိုင်းနိုင်ငံသား ၃ ယောက်ကိုလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။
ကားနှစ်စီးရဲ့ ကားနောက်ခန်းမှာ မြန်မာလုပ်သားတွေ လဲလျောင်းလိုက်ပါလာပြီး ထိုင်းနိုင်ငံရဲ့ အဝေးပြေးလမ်းက စစ်ဆေးရေး ဂိတ်တစ်ခုမှာ ဖမ်းဆီးခံရတယ်လို့ ရွှေ့ပြောင်းလုပ်သား ကူညီပေးသူ တဦးက ပြောပါတယ်။
မြန်မာလုပ်သားတွေဟာ တယောက်ကို ပွဲစားခ ဘတ်ငွေ ၂၀၀၀ ပေးပြီး ပရာကျွတ်ခီရီခမ်ခရိုင် ကနေ ဆောင်ခလာခရိုင်၊ ဟက်ရိုင်မြို့သို့ အလုပ်သွားရောက် လုပ်ကိုင်မယ့် သူတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။
အမှတ် (၂၅) ထိုင်းခြေလျင်တပ်ရင်းက တရားမဝင် မြန်မာလုပ်သားတွေနဲ့ လိုက်ပါ ပို့ဆောင်ပေးတဲ့ ထိုင်နိုင်ငံသားတွေကို ချူဖွန်ခရိုင် ဘန်းမာ့(ပ်)အန်(မ်)ရက်ရဲ စခန်းမှာ ဖမ်းဆီးထားပြီး ဥပဒေအရအရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။