ထိုင်း-မြန်မာနယ်စပ်တွင် ကရင်တိုင်းရင်းသားရိုးရာ ဆင်ပွဲတော်ကျင်းပ (ဓာတ်ပုံ)
DVB
·
March 13, 2023
မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်မြို့နယ်၊ ဖုတ်ဖရမြို့နယ်ခွဲ၊ ယက်ဖော်ကရင်နယ်စပ်ရွာက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ကရင်တိုင်းရင်းသားရိုးရာ ဆင်ပွဲတော်ကို ကျင်းပနေ တာမှာ မြန်မာပြည်ဖွား ကရင်လူမျိုးတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ဒီပွဲမှာ ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ကမ္ဘာလှည့်ခရီးသွားနိုင်ငံခြားသားတွေ၊ ဒေသခံတိုင်းရင်းသားပြည်သူတွေ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျောက်တက်ရောက် ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။